ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၂၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း စစ်ပဋိပက္ခကြောင့် အမျိုးသမီးသေဆုံးမှုသည် ၂၀၂၄ ခုနှစ်တွင်ပိုမိုမြင့်တက်လာပြီး ရှမ်းပြည်နယ်က ဒုတိယသေဆုံးမှုအများဆုံးဖြစ်ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ BWU ဇန်နဝါရီ ၂၀ ရက်ထုတ်ပြန်ချက်အရသိရသည်။

စစ်ပဋိပက္ခအတွင်း အမျိုးသမီးသေဆုံးခဲ့ရမှုသည် တစ်နှစ်အတွင်း အမျိုးသမီး (၄၇၈) ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးက (၁၀၉) ဦးဖြင့် အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်တွင် အမျိုးသမီးသေဆုံးသူ (၉၂ ) ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်းသိရသည်။

‘’ကျွန်မတို့ အမျိုးသမီးတွေက ဒီလိုစစ်ပဋိပက္ခအတွင်းမှာအကြမ်းဖက်ခံရတာက အရမ်းကိုဆိုးရွားလွန်းပါတယ်၊ ကျွန်မတို့သတ်ဖြတ်ခံရတာတွေ၊ ဒီလိုစစ်ပဋိပက္ခအတွင်းမှာ ကျွန်မတို့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုဟာ အမျိုးစုံခံစားရတယ်၊ အမျိုးသမီး အခွင့်အရေချိုးဖောက်မှုတွေအကြမ်း ဖက်မှုတွေကို ကြည့်မယ်ဆိုရင် ကျွန်မတို့ အမျိုးသမီးအတွက် စိုးရိမ်ရတဲ့အခြေအနေလို့ကောက်ချက်ချလို့ရတယ်ပေါ့နော်”ဟုမြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး (၂) ယဉ်မျိုးလှိုင် ခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စစ်ပဋိပက္ခကြောင့် အမျိုးသမီး သေဆုံးမှုမှာ ၃၉၀ ဦးရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးသေဆုံးမှု ၄၇၈ ဦးထိရှိလာကာ အမျိုးသမီးသေဆုံးမှုတိုးလာကြောင်း ဆိုသည်။

ထို့အပြင် စစ်ပဋိပက္ခကြောင့် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၁၂ ဦးရှိခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ အချက်အလက်အရသိရသည်။

အမျိုးသမီးများကို အဓိက ထိခိုက်သေဆုံးဒဏ်ရာရစေသည့် အကြောင်းအရာသည် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု၊ ပြည်သူများနေထိုင်သည့်ရွာ၊ နေအိမ်များကို ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှု၊ မတရားသတ် ဖြတ်ခံရမှု၊ မြေမြှုပ်မှိုင်း၊ လင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတို့ဖြစ်ကြောင်းသိရသည်။

သေဆုံးမှုများတွင် စစ်ကိုင်းတိုင်းက ၁၀၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦးနှင့် မန္တလေး၊ မကွေး၊ ပဲခူး၊ မွန်၊ တနင်္သာရီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်ပြည် နယ်တို့မှလည်း ပါဝင်သည်။

#ppv002
#Humanright
#womenright
#BWU