ခမ်းသားငေါဝ်း

ဇန်နဝါရီ ၁၉၊ ၂၀၂၅

ပင်လောင်းတောင်ဘက်ရှိ လိန်းညားကျေးရွာအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လစဉ်ဆက်ကြေးကောက်ယူနေကြောင်း ဇန်နဝ်ရီ ၁၉ တွင် ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊လိန်းညားကျေးရွာအုပ်စုတွင် စစ်ကောင်စီအတွက်တစ်လငါးထောင်နှင့် PNOပြည်သူ့စစ်အတွက် တစ်လလေးထောင်ဆိုပြီး (၂၀၂၄) အောက်တိုဘာလမှစပြီးယခုဇုန်နဝါရီလထိ လစဉ်ဆက်ကြေးကောက်ယူနေသည်။

“စစ်ကောင်စီကလူတောင်းတာမပေးနိုင်လို့ ပိုက်ဆံပေးရတယ် ပြီးတော့နယ်စပ်နဲ့ကျေးရွာလုံခြုံရေးစောင့် PNO ပြည်သူစစ်တွက်လည်းပေးရတယ် အကုန်ထည့်ရတယ် “ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အထက်ပါလိန်းညားကျေးရွာအုပ်စုရှိ ကောင်ဗာ၊ ထီဗိ၊လိန်းညား၊ ညောင်မွူး၊ တခါးယဉ်၊ တတောက် ၊ဟန်းတနျားကျေးရွာများတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်(PNO)သည်(၂၀၂၄)အောက်တိုဘာလမှစပြီးယခုလဇန်နဝါရီလထိလစဉ်ဆက်ကြေးကော က်ယူမှုသည် လေးလရှိနေပြီဖြစ်ကြောင်း သိရသည်။

“ပိုက်ဆံရှာတာ ကျွန်မတို့တွက်မသုံးရ သေးဘဲသူတို့တွက်ထည့်ပေးနေရတယ် ကျွန်မဆိုတစ်နေ့တစ်ခြားအိုလာပြီ သူများခြံလိုက်သွားပြီး ရုန်းကန်ရှာဖွေကြိုးစားရတာမောလို့ သေလုမတတ်ခံစားရတယ် တွေးမိရင်စိတ်အရမ်းတိုတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မိမိတို့ကလူအများနှင့်အတူနေသည့်အတွက် မထည့်ချင်မပေးချင်လည်းပေးနေရကြောင်းသိရသည်။

နောက်ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့ဒေသဆို မကြာခဏပိုက်ဆံကောက်တာတအားလွန်လွန်းတယ် ဆောင်းပြောင်းရွာသားတစ်ယောက်ဆိုသူကျွန်မကိုပြောတယ် မင်းတို့ရွာကဟိုးကြေးဒီကြေးနဲ့ခဏခဏထည့်ပေးနေရတာ ငါတို့ရွာဆိုအဲ့လိုမကြာခဏမကောက်ဘူး ငါသာမင်းတို့ရွာမှာနေရင်မွဲပြီ”ဟု ပြောသည်။

အထက်ပါကောက်ယူရရှိသည့်ပိုက်ဆံများကို စစ်ကောင်စီကသူတို့တွက် စစ်မှုထမ်းပေးသည့်လူကိုပြန်ပေးကြောင်းဆိုပြီး လိမ်လည်လှည်းစားခြင်းနှင့်ရွာသား တွေအပေါ်ငွေညစ် ကောက်ယူနေကြောင်း သိရသည်။

PPV009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#လိန်းညားကျေးရွာအုပ်စု
#စစ်ကောင်စီအတွက်တစ်လငါးထောင်
#ပအိုဝ်းပြည်သူ့စစ်
#PNO
#လစဥ်ဆက်ကြေးကောက်