ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊ ၂၀၂၅
စစ်ရေးပဋိပက္ခများအတွင်း စစ်ရေးလေ့ကျင့်မှုမရှိ ဘဲရှေ့တန်းစစ်မြေပြင်သို့အပို့ခံရ၍ ၂၀၂၄ ခုနှစ်တွင် ရှမ်းတောင်မှ လူငယ်သေဆုံးမှု မြင့်မားလာခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး အချက်အလက် အရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်၊ဟိုပုံး၊ပင်လောင်း ၊လွိုင်လင်နှင့်ညောင်ရွှေအတွင်း PNOပြည်သူ့စစ်က စစ်သားအပြင်းအထန် စုဆောင်းခဲ့ပြီးနောက် တပ်သားများကို စစ်ရေးလေ့ကျင့်မှု မပေးသည့်အတွက် ရှမ်းတောင်တွင် သေဆုံးမှုနှုန်း မြင့်လာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO) တာဝန်ရှိသူကပြောသည်။
“ပြီးခဲ့တဲ့နှစ်ပိုင်းမှာ စစ်သင်တန်းအတွက်ကို ဘာကြားရလဲဆိုတော့ PNO/ PNA အနေနဲ့ကသီးသန့် ပေးဖို့ အချိန်မရှိဘူးဆိုတဲ့ပြောဆိုမှုတွေရှိတယ် ၊သွားရင်းသင် သင်ရင်းလုပ် ဆိုတဲ့အနေအထား မျိုးဆိုတဲ့ အခြေနေခင်းကျင်းမျိုး တွေ့ရတာပေါ့ အဲ့ကြောင့် သေဆုံးမှု ပိုမြင့်စေတဲ့ ဟာကတော့ ဒီလိုမျိုးလေ့ကျင့်မှုတွေ ဘာတွေ မရှိတဲ့ အတွက်ကြောင့်မို့ပါ “ ဟု ပအိုဝ်းလူငယ်အဖွဲ့အစည်းအရုံး တာဝန်ရှိသူ ကပြောသည်။
စစ်ရေးလေ့ကျင့်မှုကို ၂၀၂၂ တွင် တစ်လအတွင်း စစ်သင်တန်းပေးခဲ့သော်လည်း ၊ ဆီဆိုင်မြို့ တိုက်ပွဲနောက်ပိုင်းတွင် ၁၅ ရက်သာ ပေးခဲ့ပြီး နောက်ပိုင်းတွင် ၃ ရက်သာ စစ်သင်တန်းပေးပြီး ရှေ့တန်းပို့ခဲ့ကြောင်းဆိုသည်။
မိမိဒေသလုံခြုံရေးအတွက် ဟုဆိုပြီး ကင်းစောင့် သည့် လူငယ်များကိုလည်း တပ်သားအဖြစ်အသုံးမှုကြောင့် သေဆုံးမှုမြင့်ရခြင်းဖြစ်ကြောင်းသိရသည်။
“တခါမှာ စစ်သင်တန်းမတက်ရောက်ဖူးတဲ့ ဒေသခံ တွေ၊ ဒီလက်နက်ဆိုတာဘယ်နားလဲဘယ်လဲဘာလဲဆိုတဲ့ ဟာမျိုးမသိတဲ့ဒေသခံတွေ၊ ကင်းစောင့်တပ်သားအဖြင့် အသုံးပြုမှုက အင်မတန်မြင့်တက်လာတယ်ဒါမျိုးက အထူးဒေသ (၆) ဆိုတဲ့ PNO လှုပ်ရှားမှုနယ်မြေထဲမှာက အများဆုံးတွေ့ရတယ်”ဟု PYO ၏ တာဝန်ရှိသူကပြောသည်။
ထို့ပြင် ၎င်း တို့အသုံးပြုသည့် တပ်သားများသည် အရပ်သား ကို စစ်ဝတ်စုံဝတ်ပေးလိုက်ခြင်းဖြစ် သည့်အတွက်ကြောင့် ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများ နားလည်မှု မရှိသဖြင့် ဒေသတွင်း လူမှုရေး ပဋိပက္ခများလည်း ဖြစ်ပွါးရကြောင်းသိရပါသည်။
PNO ပြည်သူ့စစ်မှခေါ်ယူသည့် ပြည်သူ့စစ်သားများသည် စစ်ကောင်စီ၏အင်အားဖြည့်အဖြင့် ရှမ်းမြောက်၊ ရခိုင်၊ ကရင်နီ စသည့်တိုက်ပွဲပြင်းထန်သည့်ဒေသသို့အပို့ခံရပြီးသေဆုံးသူများရှိနေကြောင်းသိရသည်။
#ppv013
#Humanright
#ပြည်သူ့စစ်
#PNO