ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊ ၂၀၂၅
ဆီဆိုင်မြို့နယ် ထီဆုံရွာတွင် ဇန်နဝါရီ ၁၂ ရက်၌ စစ်ကောင်စီနှင့်လက်အောက် PNO ပြည်သူ့စစ် တပ်ဖွဲ့နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားပြီး PNLA တပ်ဖွဲ့ဝင် ၅ ဦးဖမ်းဆီးခံရကာ ညင်းပန်းနှိပ်စက်ခံရပြီး အသတ်ခံခဲ့ရပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု ထီဆုံရွာတိုက်ပွဲတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ဦးကျော်သေဆုံးပြီး PNLA တပ်ဖွဲ့မှ ၁ ဦးသေဆုံးကာ ၅ ဦးဖမ်းဆီးခံရပြီးညင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း PNLA မှထုတ်ပြန်ထားသည်။
“ဒီလိုဖမ်းဆီးရမိတဲ့ စစ်သုံပန်းကို နှိပ်စက်ပြီးသတ်ဖြတ်တာက စစ်ရဲ့စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့မကိုက်ညီဘူး နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့လည်း မကိုက်ညီဘူး ဒါကတော့ စစ်ရာဇဝတ်မှုကျူးလွန်တာပဲ ဒါမျိုးလုပ်ရပ်က အင်မတန်အောက်တန်းကျရုတ်မာတဲ့ လုပ်ရပ်တွေဖြစ်တယ်” ဟု PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံကပြောသည်။
ပအိုဝ်းအချင်းချင်း မတိုက်ခိုက်လိုသည့်အတွက် PNLA တပ်ဖွဲ့မှရှောင်နေခဲ့သော်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် လာဝိုင်းခဲ့ပြီးတိုက်ခိုက်လာခြင်းဖြစ်ကြောင်း PNLA အဖွဲ့ဝင်များအား လက်နက်ချပါက အသက်ချမ်းသာပေးမည်ဟု PNO ပြည်သူ့စစ်မှပြောဆိုခြင်းကြောင့် လက်နက်ချခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၃ တွင် ဖမ်းဆီးခံရသူများအား ညင်းပန်းနှိပ်စက်ပြီး သတ်ပစ်ခြင်းအား ရှုံချကြောင်း PNLA ကထုတ်ပြန်ထားသည်။
ပအိုဝ်းပြည်သူတစ်ဦးကလည်း “PNO ရဲ့ချန်နယ်တယ်လီဂရမ်မှာ တင်ထားတာတွေ့ပြီး ပအိုဝ်းအချင်းချင်းအခုလို သတ်ပစ်တာအရမ်းပဲစိတ်မကောင်းဖြစ်ရတယ် ရခိုင်မှာဆိုရင်လည်း ဖမ်းခံရတဲ့ စစ်ကောင်စီရဲ့စစ်သုံ့ပန်းတွေအများကြီး သူများမသတ်ဘူး တခြားဒေသမှာကော်လူမျိုးလည်းမတူဘူး ခုကကိုယ့်လူမျိုးအချင်းချင်းကိုကွာ” ဟု ခမ်းသားငေါဝ်းကိုပြောသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင်လည်း နေရပ်သို့ပြန်လည်သည့် PNLA တပ်ဖွဲ့ဝင် ၅ ဦးကိုလည်း PNO ပြည်သူ့စစ်မှ ဖမ်းဆီးနိတ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်းPNLA တပ်ဖွဲ့မှလည်း တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်များတွင် ဗိုလ်မူးအဆင့်လည်းပါ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားမိခြင်းများရှိသော်လည်း နှိပ်စက်ခြင်း သတ်ဖြတ်ခြင်းများမပြုလုပ်ပဲ ကောင်းမွန်စွာကျွေးမွေးပြီး ပြန်လွတ်ပေးခဲ့ကြောင်း PNLA ရဲ့ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“PNO မှာဦးဆောင်နေတဲ့ လူတွေအနေနဲ့ကိုယ့်လုပ်ရပ်ကို သေသေချာစဉ်းစားသုံးသပ်ကြည့်ကြပါ စစ်ကောင်စီရဲ့အကျိုးအတွက် စစ်အာဏာရှင်စနစ်အတွက် ကိုယ့်လူမျိုးအချင်းချင်းကို ခုလိုမျိုးပြန်လည် ဖမ်းဆီးသတ်ဖြတ်နေတာက လုပ်ရက်နေကြလား ဒီလိုမျိုးလုပ်ရတာ ကိုယ့်လူမျိုး မျိုးသုန်းအောင်လုပ်ရတာပျော်နေသလား” ဟု PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။
PNO တပ်ဖွဲ့အနေဖြင့် ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုစွပ်စွဲကာ လူငယ်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်းရှိပြီး ကြပ်မပြည့် စိတ်မနှံ့သည့်လူငယ်သည် PNO လက်မရွံ့တူဖြစ်သည့်အတွက် ပြန်လွတ်လာခြင်းရှိခဲ့ကြောင်း ထို့အပြင် ပရဟိတတက်ကြွလုပ်ရှားသူ နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နှင့်အစ်ကိုဖြစ်သူအား သံသယရှိယုံဖြင့် ညင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
PPV001
ပုံ-အံန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#တောင်ရှေ့အုပ်စု
#ထီဆုံရွာတိုက်ပွဲ
#စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့
#PNLA
#စစ်သုံ့ပန်း
#ညင်းပန်းနိတ်စက်သတ်ဖြတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7