ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၃၊ ၂၀၂၅

ရှမ်းတောင်တိုက်ပွဲများကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မွေးကင်းစကလေးအပါအဝင် ထိခိုက်သေဆုံးသူ ၄၀ ကျော်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) စစ်တမ်းအရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေမြို့နယ် တို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲများကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးသူ ၄၂ ဦး အထိရှိခဲ့ကြောင်းသိရပါသည်။

“မွေးကင်စ သေသွားတဲ့ ကလေးနှစ်ယောက်ဆိုရင် ကျန်းမာရေးဆေးရုံပို့နေတဲ့ လမ်းတစ်ဝက်ဘဲ သေသွားတဲ့ ဟာမျိုးတွေ ၊ နောက်တစ်ခုကျတော့ ဆီဆိုင်ရဲ့ အရှေ့ဘက် နားခိုက်အုပ်စုဘက်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ပေါ့လေ ညသန်းခေါင်း ညဘက်မှာဗုံကြဲခံရလို့သေသွားတဲ့မွေးကင်းစ ကလေးတွေ ပါတာပေါ့လေ”ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကလေးငယ်များသေဆုံးရခြင်းသည် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေစဉ် ကာလအတွင်း ဆေးရုံ၊ဆေးခန်းများ ပြနိုင်ဖို့ လမ်းတွေအခက်အခဲများကြုံရခြင်းနှင့် ဆေးဝါးလိုအပ်ချက်ကြောင်း ကလေးငယ်များသေဆုံးရကြောင်း ၎င်းကဆက်ပြောသည်။

ကလေးငယ်များ သေဆုံးရခြင်းအကြောင်းရင်းများမှာ လက်နက်ကြီးများကြောင်း သေဆုံးသူ (၇) ဦး၊ လေကြောင်းတိုက်ခိုက်မှုဖြင့် သေဆုံးသူ (၅) ဦး ၊ မွေးကင်စ ကလေး သေဆုံးသူ (၃ )ဦး၊ ဒရုန်းဖြင့် ဗုံကြဲခံရမှုကြောင့် သေဆုံးသူ(၂)ဦးနှင့် မြေမြှပ်မိုင်းကြောင့် သေဆုံးသူ(၁)ဦး ဖြစ်ကြောင်း သိရသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကလေးအခွင့်အရေး
#ရှမ်းတောင်တိုက်ပွဲများ
#တစ်နှစ်အတွင်း
#မွေးကင်းစကလေးအပါအဝင်
#ထိခိုက်သေဆုံးသူ
#ပအိုဝ်းလူငယ်အစည်းအရုံး