ခမ်းသားငေါဝ်း

ဇန်နဝါရီ ၁၃၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များ၌ စစ်ပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးသူ တစ်နှစ်အတွင်း ၃၂၀ နီးပါးအထိ ရှိခဲ့ကြောင်းကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ဒေတာ အချက်အလက်အရ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း စစ်ပဋိပက္ခ ဖြစ်ပွါးသည့် လွိုင်လင်၊ ညောင်ရွှေ နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဆီဆိုင်၊ ဟိုပုံး၊ပင်းလောင်း မြို့နယ် တို့တွင် ၂၀၂၄ ဒီဇင်ဘာနောက်ဆုံးပတ်အထိ စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် အပြစ်မဲ့ အရပ်သားထိခိုက်သေဆုံးသူ ၃၁၆ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

“တချို့ကြတော့စစ်ရှောင်ရင်းနဲ့ ဆေးဝါးလုံလောက်မှု မရှိတဲ့အပိုင်းတွေ ဆေးကုသဖို့လက်လှမ်းမမီတဲ့အပိုင်းတွေကြောင့်သေကြရတယ်၊ ပြီးတော့ တချို့ကြတော့ မိုင်းတွေနှင်းမိ တာကြောင့်သေဆုံးရတာပါ” ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိခိုက်သေဆုံးရသည့် အကြောင်းရင်းမှာ သတ်ဖြတ်ခံရခြင်းဖြင့်သေဆုံးသူအများဆုံးနှင့် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒုတိယ အများဆုံး ထိခိုက်သေဆုံးရပြီး လေကြောင်းဖြင့်တိုက်ခိုက် ခြင်း၊ ဒရုန်းဗုံကြဲခြင်း၊ စစ်ရှောင်စဉ် ဆေးဝါးလိုအပ်ချက်ကြောင့် ထိခိုက်သေဆုံး ရခြင်းဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ဒေတာ ဖော်ပြချက်အရသိရသည်။

အပြစ်မဲ့ အရပ်သားထိခိုက်သေဆုံးသူ ၃၁၆ ဦးတွင် သေဆုံးသူ ၁၂၇ ဦး ထဲမှာ မွေးကင်းစ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုတို့ပါဝင်ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၈၉ ဦးရှိကြောင်းသိရသည်။

PPV0013
ပုံ-PYO
#လူ့အခွင့်အရေး
#စစ်ပဋိပက္ခဖြစ်ပွါးသည့်
#လွိုင်လင်
#ညောင်ရွှေ
#ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#ဆီဆိုင်
#ဟိုပုံး