ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊ ၂၀၂၅
ထိုင်းနိုင်ငံရောက် ဆီဆိုင်မြို့နယ် ဟိုခဲရပ်ကွက်ရှိ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို ဖိုတိုရှော့ပုံဖြင့်ခြိမ်းခြောက်ငွေညစ်ခြင်းကြုံနေရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဟိုခဲရပ်ကွက်မှ ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်နေသည့် ဆယ် ကျော်သက် အမျိုးသမီးတစ်ဦးထံ အကောင့်တုဖြင့် ဖိုတိုရှော့ပုံများနှင့် ငွေညစ်ခြင်းခံရပြီးထို မိန်းကလေးငယ်ကကြောက်၍ ငွေ ၅ သိန်းလွဲပေးခဲ့သည့်အပြင် ထပ်မံပြီး ဗွီဒီဖိုင်များနှင့်ပြုလုပ်ကာ တယ်လီဂရမ်တွင်ရောင်းစာမည် ငွေထပ်လွဲပေးရန်ခြိမ်းခြောက်တောင်းနေသေးကြောင်းသိရသည်။
“သူကအရမ်းရိုးတာလေ ထိုင်းရောက်တာလည်း သိပ်မကြာသေးဘူး ကွန်ပျူတာနဲ့ဖုန်းနဲ့ ဖိုတိုရှော့လုပ်လို့ရတာလည်းမသိတော့ သူကြောင့်မိဘတွေ ကျောင်းကဦးဇင်းတွေရဲ့မျက်နှာလည်းမပျက်စေချင်တော့ ငွေလွဲပေးတာကနေ ထပ်ထပ်တောင်းနေလို့ ရင်ဖွင့်လာတိုင်ပင်လာလို့သာ သိရတာမပေးနဲ့ အဲအကောင့်ကို ပို့လာပေးဆိုမှသိရတာ” ဟု နီးစပ်သူ သူငယ်ချင်းက ခမ်းသားငေါဝ်းကို ပြောသည်။
ထိုဆယ်ကျော်သက်မိန်းကလေးသည် ကျေးရွာတွင် မိဘအပေါ်သိတတ်သူ ဆရာသမားအပေါ်သိတက်သူမိန်းကလေးငယ်များက မိဘနှင့်ဆရာသမားများ၏မျက် နှာမငယ်စေရန် တောင်းသည့်ငွေအား ပေးဆောင်ပြီးသော်လည်း ထပ်မံပြီး တောင်းခံမှုများရှိနေကြောင်းသိရသည်။
“hi ဘယ်ကလဲ ဆီဆိုင် ဘယ်ရွာလို့မေးတော့ ဟိုခဲလို့ မကြာဘူးစာကြည့် တင်ပြီးပြီဆိုပြီး ပုံကိုတင်တာကို သူကဖျက် ခိုင်းတာကနေ ဖိုတိုရှော့ပုံတွေနဲ့ ငွေညစ်တော့တာပဲ သူလည်း ပေးလိုက်တယ် ထပ်ထပ်တောင်းနေမှ တိုင်ပင်လာတာသူကတအားရိုးတယ် ကျောင်းမှာလည်းတအားအေးတာ လူလိမ်တွေက အာတာကိုအခွင့်ကောင်းယူတာ ခုခေတ်မလွယ်ဘူး” ဟု နီးစပ်သူ သူငယ်ချင်းက ဆက်ပြောသည်။
လက်ရှိတွင် ဗွီဒီယိုဖိုင်များအား တယ်လီဂရမ်တွင် ရောင်းစားမည့်အကြောင်း၊ နောက်ထပ်ငွေသုံးသိန်းလွဲပေးရန်တောင်းဆိုနေပြီး ထိုသူ၏အကောင့်သည် Naung Kyaw အကောင့်ဖြင့် ခေတ်လူငယ် ရုပ်ချောသည့်ကောင်လေးပုံတင်ထားပြီး Kpay 09785188355 khun mg kom သို့ငွေပို့ပေးရန်တောင်းဆိုပြီး မပေးပါက ဆွေမျိုးပုံများမကျန် အကုန်တင်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်၊၊
ထိုင်းနိုင်ငံရောက်စသူများအနေဖြင့်လည်းကောင်း ဖုန်းကိုင်စလူငယ်များအနေဖြင့်လည်းကောင်း ယခုကဲ့သို့ ဖိုတိုရှော့ပုံများဖြင့် လိမ်လည်ခြင်းများ AI ဖြင့် ဗွီဒီယိုဖိုင်များဖြင့် လိမ်လည်ခြင်းများရှိနေပြီး မယုံကြည်ရန် ငွေအားအလွယ်တကူ လွဲပေးခြင်းများမပြုလုပ်ရန် သူ့သူငယ်ချင်းက အသိပေးစေလိုကြောင်း သိရသည်။
PPV001
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့
#ဟိုခဲရပ်ကွက်
#ထိုင်းနိုင်ငံတွင်ရောက်ခါစ
#အလုပ်လုပ်နေသည့်ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်
#အကောင့်တု
#ဖိုတိုရှော့ပုံများဖြင့်ငွေညစ်ခြင်းများ
#အွန်လိုင်းသုံးစ
#ဖိုတိုရှော့အကြောင်း