ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊၂၀၂၅

စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၅၊ ၆ တွင်ပါသွားသည့် လူငယ်များသည် စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်သို့ပို့ဆောင်ကာ တိုက်ပွဲတွင်းသေဆုံးမှ မိသားစုထံ လိုက်လံအကြောင်းကြားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ အေးသာယာမြို့အတွင်းရှိ စစ်မှုထမ်းသွားလိုက်ရသည့် လူငယ်များသည် သေဆုံးမှ မိသားစုထံ အကြောင်းကြားသည့်အတွက် ရုပ်အလောင်းမပါဘဲ နာရေးပြုလုပ်နေရကြောင်း သတင်းရင်းမြစ်ထံသိရသည်။

‘’ဒီရက်ပိုင်း အိမ်တိုင်ရာရောက် အကြောင်းကြားတာရှိတယ်၊ တချို့ကလည်း အကြောင်းကြားတာမရှိဘဲ တဆင့်ပြောပြတာနဲ့ပြန်သိရတာရှိတယ် သေဆုံးသွားတာတောင်မသိတာလည်းရှိတယ်၊ တချို့က အလောင်းပြန်မရဘဲ နာရေးလုပ်နေရတာရှိတယ်”ဟု သတင်းရင်းမြစ်ကခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် ရှေ့တန်းစစ်မြေပြင်တွင် ဒဏ်ရာရသည့် လူငယ်များကို အောင်ပန်း စစ်ဆေးရုံသို့ ကုသမှုခံယူနေရ ပြီး တချို့က ဆေးရုံအတွင်း ပစ်ထားပြီး မကုပေးခြင်းလည်း ကြုံနေရကြောင်းသိရသည်။

ရှမ်းတောင်တွင် စစ်ကောင်စီ စစ်မှုထမ်းပြုလုပ်ရာ အပတ်စဉ်(၈) အထိရှိနေပြီဖြစ်ပြီး လတိုင်းပြည်သူများထံ ငွေကြေးကောက်ခံမှုရှိသလို လူငယ်များကို ပေါ်တာဆွဲပြီး စစ်မှုထမ်းသင်တန်းပို့ဆောင်နေခြင်းလည်း ရှိနေသည်။

#ppv002
#humanright
#စစ်မှုထမ်း
#ရှမ်းတောင်

You missed