ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊ ၂၀၂၅
တောင်ကြီးမြို့ နယ်စပ် ဘန်ကွဲကျေးရွာတွင် ပြည်သူပြောင်းတင်သည့်ကား လမ်းပေါ်ဖြတ်သွားရာ SSPP/SSA က တစ်ခါ လေးသောင်းကျပ် ဆက်ကြေးကောက်ခံနေကြောင်း ဒေသခံထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး သုံးမြို့ဆုံသည့် ဒေသတွင် SSPP/SSA တပ်ဖွဲ့မှဇန်နဝါရီ ၁၀ ရက်နေ့ကနန်းဟောင်းကျေးရွာအုပ်စု ဘန်ကွဲကျေးရွာအတွင်း ဝင်လာပြီး ပြည်သူများပြောင်းတင်ကားကို ဆက်ကြေးကောက်ခံနေကြောင်း သိရသည်။
‘’တောင်ကြီးမြို့နယ်ထဲကို ပေါ်တင်ဝင်လာပါတယ်၊ ဂိတ်တွေဆောက်ဖို့ ဇလဲထိ နေရာတောင်းတယ်လို့ကြား တယ်၊ PNO နဲ့ ညှိနိုင်းတယ်ဒီနေ့ထိ ပြေလည်မှုမရသေးဘူးလို့သိရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထိုသို့ တောင်ကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့်အတွက် PNO ပြည်သူ့စစ်နှင့် စစ်ရေးတင်းမှာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ခမ်းသားငေါဝ်း သတင်းဌာန မှ SSPP/SSA တပ်တာဝန်ရှိသူထံ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဇန်နဝါရီ ၈ ရက်၊ ၉ ရက်က SSPP/SSA တပ်ဖွဲ့ ဟိုပုံးမြို့နယ် ဇော်တောဘက်၊ ရပ်စောက်မြို့နယ် ဆတ်သေဘက် တွေရှိနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ တွင်ဆတ်သေရွာအတွင်း ဂိတ်ချပြီး ပြည်သူများအသွားအလာ လက်မှတ် ဖြင့် ဆက်ကြေးကောက်ခံနေကြောင်းသိရသည်။
#ppv002
#Humanright