ခမ်းသားငေါဝ်း

ဇန်နဝါရီ ၁၀၊၂၀၂၅

ဆီဆိုင်မြို့နယ် တဘက်အုပ်စု ရွှေတဂူတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်စခန်းအား ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ၃၆ ဦးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် ၃၆ ဦးတွင် စစ်ကောင်စီမှ အရာရှိ ၃ ဦးပါဝင်ပြီး စုစုပေါင်း ၁၁ ဦးသေဆုံးကာ PNO ဘက်မှ ၂၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီ(ဗမာစစ်သား)ဖက်က ၃ ယောက်သေတယ်လို့သာပြောတာ အဲ့တာကသူတို့အရာရှိတွေ ကြားတာတော့ အဖြူဖက်ကသေတာပိုများတယ် ဝက်သတ်စားပြီး အရက်၊ဘီယာသောက်စားကြတဲ့ချိန် လာပစ်တာခံရတာတဲ့ ရွှေတဂူဘုရားနားက အသားစိမ်းငါးစိမ်းပါလို့ ဖြတ်သွားရင်တောင်နတ်ကမကြိုက်ဘူး တစ်ခုခုဖြစ်တယ်” ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီဘက်မှ ပင်တိုင်းရွာမှ တဘက်အုပ်စုသို့ နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်နေလျှက်ရှိေကြာင်း သိရသည်။

နောက်ဒေသခံတစ်ဦးမှလည်း “တဘက်အုပ်စုဖက်က ရွာသားတွေအကုန်ပြေးနေရပြီ အကုန်ပြေးနေပြီ လက်နက်ကြီးနဲ့ တဘက်အုပ်စုကို နေ့တိုင်းပစ်နေတာတွေရှိတယ်” ဟု ပြောသည်။

ကရင်နီတောလှန်ရေးအင်အားစုအဖွဲ့မှ လက်နက်များအပြင် စစ်သုံးပန်းများလည်းဖမ်းမိထားကြောင်း ဖမ်းမိထားသည့် စစ်သုံးပန်းများထဲတွင် အသက် ၁၄ နှစ်အရွယ်ကလေးငယ်များလည်းပါဝင်ပြီး ဗွီဒီယိုဖိုင်နှင့်တကွ တင်ထားသည်များလည်းရှိေကြာင်း သိရသည်။

photo credit

PPV001
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#တဘက်အုပ်စု
#ရွှေတဂူ
#ကရင်နီတပ်ပေါင်းစု