ခမ်းသားငေါဝ်း

ဇန်နဝါရီ ၉၊ ၂၀၂၅

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မှာ တောမီးလောင်မှုမှတဆင့်မြို့ထိကူးလာပြီး ပျက်စီးဆုံးရှုံးမှု(၅၀) ဘီလီယံကျော်ရှိနိုင်ကာ နာမည်ကြီးသည့် ကမ္ဘာ့ရုပ်ရှင်မြို့တော် Hollywood အပါအဝင် သန်းကြွယ်သူဌေးများ၏ ပိုင်ဆိုင်မှုနေအိမ်များစွာ မီးလောင်ကျွမ်းခံရကြောင်း နိုင်ငံတကာ သတင်းတွင် ဖော်ပြထားသည်။

တောမီးလောင်ကျွမ်းမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ(၅)ယောက်ရှိကာ အဆောက်အဦး များစွာမီးလောက် ပျက်စီးသွားကြောင်း ဖော်ပြထားသည်။

တောမီးလောင်မှုသည် ဇန်နဝါရီ (၇)ရက်နေ့ကစတင် လောင်ကျွမ်းတာဖြစ်ပြီး လက်ရှိချိန်ထိ လောင်ကျွမ်းနေကာ မီးလောင်မှုကြောင့် ဟောလိဝုဒ် မင်းသမီးကြီး ဂျာမီလီကာတစ်၊ မန်ဒီမိုး၊မာရီရာ ရှာရီဗာတို့အပါအဝင် လူသိန်းချီလည်း ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

ယခုတကြိမ် တောမီးလောင်မှုသည် L A သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အီတလီခရီးစဉ်ကို ဖြတ်သိမ်းလိုက်ရပြီး တောမီးကြောင့် ကူညီကယ်ဆယ်ရေးပိုင်းတွင် တာဝန်ရှိသူများကို ညွန်ကြားထားပြီး ကြီးမားသည့် တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် မီးလောင်ကျွမ်းသည့် နေရာတွင် မြန်မာပြည်ရှိ သူဌေးတချို့၏ နေအိမ်များလည်း ပါဝင်နေကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း

You missed