ခမ်းသားငေါဝ်း
ဇန်နဝါရီ ၉၊၂၀၂၅

ရှမ်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးအပေါ်အကြမ်းဖက်မှု ပိုမိုတိုးလာပြီး အကြမ်းဖက်ခံရသည့်အမျိုးသမီးများအနေဖြင့် တရားမျှတမှု ရှာဖွေရာတွင်ပိုပြီး ခက်ခဲ့လာကြောင်းအမျိုးသမီးအရေးလှုပ်ရှားနေသူထံက ဇန်နဝါရီ ၉ ရက်နေ့တွင် သိရသည်။

လက်ရှိစစ်ကောင်စီလက်အောက်ခံ တရားရုံးများအနေဖြင့် အမှုများကိုင်တွယ်ရာမှာ ကြန့်ကြာခြင်းများရှိနေခြင်းကြောင့် အမှုသည်များ အခက်ရှိသလို လက်ရှိရပ်ရွာ ဓလေ့ထုံးထမ်းနည်းလမ်းဖြင့် ဆောင်ရွက်သည့်အခါ အားနည်းချက်များလည်းရှိနေသေးကြောင်းသိရသည်။

“ ဒီအာဏာသိမ်းတော့ အခုဆိုရင် အမျိုးသမီးအပေါ်အကြမ်းဖက်တဲ့ အမှုအပါအဝင် လက်နက်ကိုင်ကနေကျူးလွန်တဲ့အမှု စုစုပေါင်း ၂၀၀ကျော်လက်ခံရရှိထားပါတယ်။ အချို့အမှုတွေက ရပ်တန့်သွားတာရှိသလို့။ ဓလေ့ထုံးထမ်းနဲ့ဖြေရှင်းတာအပါအဝင် အမှု ၃၀လောက်ကတော့ ပြီးစီးသွားတဲ့ အနေအထားမှာရှိတယ်။ အချို့ အမှုတွေကျ တရားရေးနဲ့ သွားတာ အရမ်းကြာတာမျိုးဖြစ်တော့ အမှုသည်တွေအနနေနဲ့က မစောင့်နိုင်တာမျိုး၊ ဆက်မလုပ်တော့မျိုးတွေလည်းရှိပါတယ် “ ဟု ရှမ်းတောင်ပအိုဝ်း အမျိုးသမီးအရေးတက်ကြွ လှုပ်ရှားသူမှပြောသည်၊၊

စစ်ကောင်စီလက်အောက်ခံ တရားရုံးများ၏ အမှုစစ်ဆေးချိန် ကြန့်ကြာတာကြောင့် ရှင်သန်လွတ်မြောက်သူအမှုသည်များ နစ်နာဆုံးရှုံးရမှုတွေရှိသလို လိုက်ပါကူညီဆောက်ရွယ်ပေးနေသည့် အဖွဲ့အစည်းများအနေဖြင့်လည်း များစွာအခက်အခဲရှိနေကြောင်းသိရသည်၊၊

ရှမ်းမြောက်တအာင်း အမျိုးသမီးအရေးလှုပ်ရှားသည့် တာဝန်ရှိအမျိုးသမီးတစ်ဦးကလည်း “အကြမ်းဖက်မှုကတော့ အမျိုးအစားအများကြီးရှိတယ် အဲ့ထဲမှာမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကပိုများလာတယ် အမျိုးသမီးတွေအကြမ်းဖက်ခံရလို့ ရိုးရာဓလေ့နဲ့ဖြေရှင်းတဲ့အခါမှာလည်း မိအေးနှစ်ခါနာရတာမျိုးဖြစ်သွားတာတွေလည်းရှိတယ်”ဟုပြောသည်၊၊

ရှမ်းပြည်နယ်တွင် အမျိုးသမီးများအကြမ်းဖက်မှုခံရသည့်အခါ တိုင်တန်းနိုင်ရန်အတွက် လုံခြုံရေးအရသော်၄င်း ဆက်သွယ်ရေးအခက်အခဲအရသော်၄င်း အခုချိန်ထိ နစ်နာမှုတွေရှိနေသေး ကြောင်းသိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်း အမျိုးသမီး စုစုပေါင်း ( ၁၃၄၅) ဦး သတ်ဖြတ်ခံရပြီး ( ၅၈၃၆) ဦးက ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အမည်နှင့်တကွစာရင်းပြုစုထားကြောင်းသိရပါသည်။

PPV0010

You missed