ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊၂၀၂၅
သီပေါမြို့တွင် စစ်ကောင်စီရဲဝန်ထမ်းတစ်ဦးအပါအဝင် ဓားမြတိုက်မှုနှင့်မုဒိန်းမှု ကျူးလွန်သူ(၃)ဦးကိုTNLA ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထား သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ AAA ဓါတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံတွင် ဓားမြတိုက်မှုနှင့် အမျိုး သမီး (၁)ဦးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူ (၇) ဦးအနက် (၃) ဦးကို PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခြင်းဖြစ်သည်။
ထိုအဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး သီပေါမြို့ကို စစ်ကောင်စီတပ် အုပ်ချုပ်စဥ် ကျူးလွန်ခဲ့သည့် အမှုများဖြစ်ကြကြောင်းသိရသည်။
ဖမ်းဆီးရမိသူများသည် အောင်နိုင်စိုး (အသက် ၄၄နှစ်)၊ ကိုရဲဟိန်း (အသက် ၄၂နှစ်)နှင့် ဇင်မင်းပိုင် (အသက် ၂၉နှစ်) တို့ ဖြစ်ကြောင်းသိရသည်။
အောင်နိုင်စိုးဆိုသူသည် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင် (ကိုယ်ပိုင်အမှတ်-၁၉၇၂၂၂) တ.တ.က ရာထူးဖြင့် စာရေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဝန်ထမ်းဖြစ်ပြီး ၎င်းနှင့်အတူ RPG7-(၁) လုံး၊ စကာပြောစက်အထိုင်(၁)လုံး၊ MA3 ကျည် (၄၇) ထောင့်၊ စလက်ကျည်-(၁၉)ထောင့်၊ 60MM (၃)လုံး၊ M9 (၂)လုံး၊ M9 ပြူ (၇)ခု၊ ဘိန်းဖြူ (၁)ဘူး၊ ဘက်ထရီ W27000 Mah(၁)လုံး၊ ရာမဗူးခွံ အလုံး(၂၀)၊ ဓားတို (၁) စသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီရမိခဲ့သည်။
ထို့ဖမ်းဆီးရမိသည့် (၃)ဦးကို PSLF/TNLA ၏ သီပေါမြို့ တရားဥပဒေစိုးမိုရေးတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အမှုကျူးလွန်၍ လွတ်မြောက်နေသူ (၄)ဦးကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်းမိနိုင်ရေး လုပ်ဆောင်နေဆဲဟုဆိုထားသည်။
#ppv002
#PSLF/TNLA