ခမ်းသားငေါဝ်း
ဇန်နဝါရီလ ၈၊၂၀၂၅
စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဌာန်း ပြီးနောက် ဗီပီအမ် များကို နေ့စဉ် နီးပါး ဘန်းခံရမှု ပိုမိုဆိုးရွားလာနေကြောင်းသိရသည်။
“နေ့တိုင်းတော့ မဟုတ်ပေမယ့် ဆက်တိုက်ကို ဘန်းနေတယ်၊ ရှိသမျှဆာဘာ ၁၀ လုံး အကုန်ကိုဘန်းလိုက်တယ်၊ နည်းနည်းနောနော မဟုတ်ဘူးဗျ၊ နောက်ပိုင်း ပိုဆိုးလာမလား မသိဘူး၊ အော်ပရေတာတွေ ဘက်ကဘန်းချနေတာ တော်တော်လေး ဆိုးတယ်၊”ဟု ဗီပီအမ် ဝန်ဆောင်မှု ဆောင်ရွက်သူ တစ်ဦးက ဆိုသည်၊။
စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးအတွက် လူမှုကွန်ရက် စာမျက်နှာများကို ဘမ်းလိုက်သည့်နောက်ပိုင်းတွင် ဗီပီအမ် သုံးစွဲမှု မြင့်တက်လာပြီး ဝန်ဆောင်မှု ဆောင်ရွက်သူများပြားလာသဖြင့် ဆိုက်ဘာ လုံခြုံရေး ဥပဒေပြဌာန်းခြင်းလား ဟု ယူဆစရာ ရှိကြောင်း ဆိုသည်။
တောင်ကြီး မြို့ခံ တစ်ဦးက “အခု တောင်ကြီးမှာလည်း အမ်ပီတီ ဖုန်းလိုင်းတွေ တိုင်ပျောက်နေတယ်၊ တိုင် တစ်တိုင်ပဲ ရှိလို့ ဖုန်းဆက်လို့ မကြားရဘူး၊ ပြောနေရင်း ပြုတ်ကျသွားတယ်၊ အင်တာနက် လိုင်းလည်းကောင်းကောင်း သုံးစား မရတာတွေ ဖြစ်နေတယ်၊ VPN တွေ ချိတ်မရတော့ဘူး။ ပိုက်ဆံနဲ့ လစဥ်ကြေးပေးဝယ်သုံးတာတောင်မရဘူးဖြစ်နေတယ်။ လူထုက အရမ်း နစ်နာတယ်၊”ဟု ဆိုသည်။
ဆက်သွယ်ရေး ဆိုက်ဘာ နည်းစနစ်များကို နောက်ပိုင်းတွင် ပိုမိုတင်းကြပ်လာနိုင်ကြောင်း ၊ လူမှု ကွန်ရက် စာမျက်နှာများကို သုံးစွဲမရအောင် ပစ် မှတ် ထားနေကြောင်း ဆိုသည်။
ခွင့်ပြုချက်ရယူခြင်း မရှိဘဲ VPN ထူထောင်ခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း၊ ဆိုက်ဘာအလွဲ သုံးစားပြုလုပ်ခြင်းများ ပြုလုပ်ပါက ပစ်ဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ (၁) ရက်၌ ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။
အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းတိုမှ ကာကွယ်ရန်၊ ဆိုက်ဘာမှုခင်းများကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် ပြဌာန်းခြင်း ဖြစ်သည်ဟု ဆိုထားသည်။
#ppv006