ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊ ၂၀၂၅

စစ်ကောင်စီကဖယ်ခုံမြို့နယ် ပီကင်း၊ လအိဘက်တွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ပိုမိုပြုလုပ်နေကြောင်းသိရသည်။

ရှမ်း-ကရင်နီ(ကယား)နယ်စပ်၊ ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ နှင့် ဆောင်ပလန်ကျေးရွာအကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့ ည ၅ နာရီခွဲအချိန်ခန့်၌ စစ်ကောင်စီက လေယောဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။

” ပီးကင်း၊ လအိ တို့ကနာမည်ထွက်နေတာအခု၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်မယ်လို့တော့ တော်လှန်ရေးဖက်ကသတိပေးထားတယ်၊သူတို့သတင်းရထားတာဖြစ်မယ်၊ ရှောင်ခိုင်းတယ်ပေါ့လေ၊ ဒါပေမယ့် ဘယ်မှာထပ်သွားရှောင်ရမလည်းမသိဘူး၊ ရှောင်ဖို့နေရာမှ မရှိတော့တာလေ” ဟု ၎င်းကဆိုသည်။

ဖယ်ခုံ မြို့နယ် ပီကင်း၊လအိ ကျေးရွာများကို စစ်ကောင်စီကပစ်မှတ်ထားနေသောကြောင့် ရှောင်တိမ်းနေထိုင်ကြရန်တော်လှန်ရေးတပ်ဖက်က သတိပေးထားကြောင်းသိရသည်။

”ပီကင်းရွာ နဲ့ ဆောင်ပလန်ရွာကြား လမ်းမှာကြဲသွားတာ၊ အဲ့လမ်းက ကျွန်မတို့ ရုံးကိုအသွားအပြန်လုပ်နေကျလမ်း၊ မနေ့ကလည်း ရုံးကအပြန် အိမ်ရောက်တာခနပဲ ရှိသေးတယ်၊ အဲ့လမ်းကိုမှာပဲ ကြဲသွားတာ၊ တော်သေးတယ်ရွာထဲမကြဲလို့၊ မနေ့ကကြဲသွားတာ ဘာမှမထိသွားဘူးဆိုတော့ အထိအခိုက်တော့မရှိဘူး” ဟုဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီက ပီကင်းကျေးရွာစျေးအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PPV 003
#Humanright
#ပီကင်း
#ဖယ်ခုံ

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed