ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊ ၂၀၂၅

တောင်ကြီးမြို့ ၊ ရေမြောင်းများအတွင်း အမှိုက်များကို ရှင်းလင်းနိုင်ခြင်း မရှိသေးဘဲ ရေမြောင်းများတွင် အမှိုက်များ ပိုများလာနေပြီး ပတ်ဝန်းကျင်း ညစ်ညမ်းမှု ရှိလာကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရေနုတ် မြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေခြင်းများကိုလည်း အရေးယူနိုင်ခြင်း မရှိသေးကြောင်း ကြားသိရသည်။

“ရေမြောင်းထဲမှာ အမှိုက်က တစ်နေ့တစ်ခြား ပိုများလာတယ်။ အခု အမှိုက်တွေ ပုံနေတာပဲ ၊ အရင်တုန်းက ရှင်းလင်းပြီးသား သန့်ရှင်းနေတာပဲ။ ရေမြောင်း အမှိုက်တွေကို တာဝန်ယူ ရှင်းလင်းမယ့်သူ မရှိလို့ အမှိုက်တွေ ပွနေတာပေါ့။ လူတွေကလည်း စည်းကမ်း မရှိဘူး။ မြောင်းထဲကို လာပြီး အမှိုက်ခိုးပစ်ကြတယ်။ မြောင်းထဲကို လွယ်လွယ်ကူကူ အမှိုက် ပစ်လိုက်တာပဲ။ ”ဟု တောင်ကြီးမြို့ခံ တစ်ဦးက ဆိုသည်။

တောင်ကြီးမြို ရှိ အမှိုက်ကန်များတွင် စွန့်ပစ်အမှိုက် သိမ်းဆည်းခ တစ်ကြိမ်လျင် ၅၀၀ ကျပ်ကို မွှေးတောင်ကြီး ဝန်ဆောင်မှု ကုမ္ပဏီဘက်မှ လုံး၀မ ကောက်ခံတော့ကြောင်း ဒီဇင်ဘာလ ၁၇ ရက်တွင် ပြည်သူလူထုထံ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

တောင်ကြီးမြို တွင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှု ပိုများလာပြီး ရေနုတ်မြောင်းများအတွင်း အမှိုက်ခိုးပစ်မှုများလာခြင်းကြောင့် ၊ အမှိုက်ကန်များ ၈ ကန် ကျော် ထားရှိသော်လည်း လုံလောက်မှု မရှိသဖြင့် ဆက်လက်တိုးချဲ့ထားပေးရန် လိုအပ်ကြောင်း ပြည်သူ များက အကြံပြုထားသည်။

#PPV-006
#social
#Taunggyi
#သဘာဝပတ်ဝန်းကျင်
#အမှိုက်

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed