ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊ ၂၀၂၅

ရှမ်းပြည်ထွက် ခရမ်းချဉ်သီးစျေး ထပ်မံကျဆင်းနိုင်ခြေရှိနေသေးကြောင်း အောင်ပန်းကုန်စည်ရောင်းဝယ်သူထံသိရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ရှမ်းပြည် နယ်မှ ထွက်ရှိသည့် ခရမ်းချဉ်သီး စျေးကိုပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ တတိယပတ်မှစတင်တင်၍ ခရမ်းချဉ်သီးစျေး သိသိသာသာ ကျဆင်းလာကြောင်း ကုန်သည်တစ်ဦး ထံမှသိရသည်။

“နည်းနည်းမဟုတ်ဘူး တော်တော် ကျသွားတာ၊ ထပ်ကျအုံးမယ်။ ဘာလို့ကျလည်းဆိုတော့ တခြားဒေသတွေမှာပေါ်နေလို့၊ မုံရွာတို့၊ရန်ကုန်တို့ ၊ပဲခူးတို့ တချို့နယ်တွေမှာ ပေါ်နေတယ် ရှမ်းက အစွဲမရှိတော့ဘူး၊အဲ့လို့မျိုးကြောင့်”ဟု ကုန်ရောင်းဝယ်သူတစ်ဦးကပြော သည်။

ကျင်းသီး မဟုတ်သည့် အရောအသီးမှာကျပ်၂၀၀၀ နှင့် ၂၀၀၀အောက် စျေး ရှိနေပြီး ၊ ကျင်းသီး အမျိုးအစား ခရမ်းသီးစျေးသည် ၂၅၀၀ ၊၃၀၀၀ကြားတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ တွင် ခရမ်းချဉ် သီး (ကျင်သီး)အမျိုးအစား မှာ တစ်ပိဿ ၅၀၀၀ ကျပ် အထိ ပေါက်စျေးရှိသော်လည်း ယခုနှစ် ခရမ်းချဉ်သီး (ကျင်သီး)အမျိုးအစား မှာ တစ်ပိဿ မှာ ၃၀၀၀ ကျပ် အထိ တဖြည်းဖြည်း ကျဆင်းလာကြောင်း သိရပါသည်။

#ppv013
#ခရမ်းချဉ်သီး
#စျေးကျ
#အောင်ပန်း

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1

You missed