ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၅၊၂၀၂၄
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးတွင် သူခိုးများ ပုံစံမျိုးစုံ ဖြင့် လိုက်လံ ခိုးယူမှု ရှိနေပြီး ကျူးလွန်သူ ကိုဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
တောင်ကြီးမြို့၊ အရိုးဂူ အောင်မေတ္တာ ကျောင်းတိုက် တွင် ဒီဇင်ဘာလ ၂၄ ရက်တွင် တတိယ အကြိမ်မြောက် မီးကြိုး ဖြတ်ခိုးခြင်း ခံရပြီးမှာ ဒီဇင်ဘာလ ၂၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် မီးကြိုး ဖြုတ် ခိုးယူခြင်း ခံရကြောင်း သိရသည်။
“တကယ်တမ်း ပြောရမယ်ဆိုရင် ကျူးလွန်သူ သူခိုးပေါ့လေ။ အဲ့လူဆိုး သူခိုးတွေကို ဖမ်းပြီး အရေးယူနိုင်ခြင်း မရှိတော့ ဘာဖြစ်လဲဆိုရင် ဒါဟာ တစ်ဖက်လှည့်နဲ့ မကောင်းမှု ကျူးလွန်တာကို ခွင့်ပြုထားရာ ရောက်နေသလို ၊ အကြိမ်ကြိမ် အခါခါ ကျူးလွန်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်နေတာပေါ့။ တရားဥပဒေ စိုးမိုးမှု ကင်းလာတဲ့ အခြေအနေ ကို ရောက်လာတာပေါ့။ သက်ဆိုင်ရာတွေက အမြန်ဆုံး ဖမ်းဆီးနိုင်ခြင်း မရှိဘူးဆိုရင် အရမ်းကို အရှက် ရစေတဲ့ ဖြစ်ရပ်တွေ ပေါ့။”ဟု ဥပဒေ နားလည်သူ တစ်ဦးက ပြောသည်။
ယခင်ကလည်း တောင်ကြီးမြို့နယ်တွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့၊ တို့တွင် လျှပ်စစ်မီးကြိုးများကို လိုက်လံ ဖြုတ်ယူခိုးယူခြင်းများ ရှိကာ မီးကြိုးသူခိုးကို လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများလည်း မကြာခဏ ကြားရပြီး၊ မော်တော်ကား ပျောက်ဆုံးမှု များပါ ဖြစ်ပွားလာသလို ခိုးဆိုးဖောက်ထွင်းမှုလည်း မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၃ ရက် နေ့လည် အချိန်တွင်လည်း ယာဉ်အမှတ် 78W-(19803) Honda Wave 100 မော်တော်ဆိုင်ကယ် တစ်စီး အောင်သပြေ ပန်းသစ်ခွ ပင်လယ်စာ ဆိုင်လမ်းကြားတွင် အခိုးခံရပြီး ဒီဇင်ဘာလ ၂၁ ရက် ညပိုင်း အချိန်တွင်လည်း Honda Fit မော်တော်ကား တစ်စီး ခိုးယူခံရကြောင်း ပိုင်ရှင်ထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူခိုးများ၊ လူဆိုးများကို အရေးယူနိုင်ခြင်း မရှိသည့် အပြင် ပိုင်ရှင် များအနေဖြင့် ရဲစခန်း ကို အယုံအကြည် မရှိတော့ဘဲ တချို့ အမှုများသည် တိုင်တန်းခြင်း မရှိကြောင်း သိရသည်။
စစ်ကောင်စီ ရဲတပ်ဖွဲက တောင်ကြီးမြို့ပေါ် တွင်အပြစ်မဲ့ပြည်သူ ကို စစ်မှုထမ်း ပေါ်တာဆွဲ အတင်းဖမ်းဆီးခံရခြင်းနေ့တိုင်းပြုလုပ်သော်လည်း ရာဇဝတ်ကျူးလွန်သူ သူခိုးများကိုဖမ်းဆီးရန်စိတ်ဝင်စားမှုမရှိ ကြောင်းတာဝန်သိပြည်သူကဝေဖန်ပြောဆိုလိုက်သည်။
ပုံစာ- အခိုးခံရသည့် မီးကြိုးပြန်လည်တပ်ဆင်
#PPV-006
#တရားဥပဒေစိုးမိုးရေး
#Taunggyi
#သူခိုး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။