ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၄၊ ၂၀၂၄

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမြန်ဆုံးဖမ်းဆီးပေးရန် စာသားကိုင်ဆောင်ပြီးအင်းလေး အမျိုးသမီး သမဂ္ဂအဖွဲ့ဝင်များကလှုံ့ဆော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်က ကျေးရွာအချို့နှင့် ဖယ်ခုံမြို့နယ်က ကျေးရွာအချို့တွင် ထိုသို့ လှုံ့ဆော်ခဲ့သည်။

“ကျွန်မတို့ပြည်သူတွေဂာ လိုင်းပြတ်တောက်တာခံထားရတဲ့အတွက် ဒီသတင်းစကားကို သူတို့တွေမသိကြပါဘူး။ ဒီလိုသတင်းမျိုးက ကျွန်မတို့သာမက ပြည်သူတွေအားလုံးပါ သိသင့်လို့ ကျွန်မတို့ကနေပီး သတင်းဖြန့်ဝေတာပါ ”ဟု IWU အဖွဲ့ကတာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လှုံ့ဆော်မှုကမ်ပိန်းပိုစတာကို ပအိုဝ်း၊ ဗမာ၊ ရှမ်း စတဲ့ဘာသာစကားသုံးမျိုးနှင့် လူထုကိုအသိပေးလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

“ဒီလိုမျိုး ကျွန်မတို့ပြည်သူတွေကို မတရားနှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းလှိုင်ကို နိုင်ငံတကာက‌နေပြီးတော့ ဖမ်းဆီးဖို့ကြိုးစားနေကြတာကို ကျွန်မတို့အနေနဲ့ ပြည်သူတွေအနေနဲ့လည်း ဒီတိုင်းထိုင်စောင့်နေလို့မရပါဘူး။ဒါကြောင့်ပြည်သူတွေကို စည်းရုံးလှုံ့ဆော်တာ ၊ကျွန်မတို့ပြည်သူ‌တေွ များများလှုံဆော်နိုင်လေ မင်းအောင်လှိုင်ဖမ်းဆီးခံရဖို့ ပိုများလေပါပဲ။ ”ဟု ၎င်းကဆက်ပြောသည်။

ထိုလှုပ်ရှားမှုကို အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့နှင့်အင်းလေးအမျိုးသမီးသမဂ္ဂ(IWU)တို့ဦးဆောင်ပြီး ၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု IFDM၊ ညောင်ရွှေပညာရေးဘုတ်အဖွဲ့ BOE ၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF၊ Inle medical team တို့ပါဝင်လှုပ်ရှားခဲ့ကြောင်းသိရသည်။

#ppv002
#ကမ်ပိန်း
#အင်းလေး
#IWU,IFDM
#ICC

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed