ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၄၊၂၀၂၄

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ လမ်းမကြီးများပေါ်တွင် လမ်းဘေးဆိုင်များ ရှင်းလင်းရေး စီမံချက် ဆောင်ရွက်ကာ၊ နေအိမ် ခြံစည်းရိုး တို့ကို ဆေးသုတ်ခိုင်းထားကြောင်း သိရသည်။

တောင်ကြီးမြို့၊ မင်းလမ်း၊ အနောက်မြို့ပတ်လမ်း နှင့် အရှေ့မြို့ပတ်လမ်းတို့တွင် လမ်းဘေးကွမ်းယာဆိုင် ၊ လမ်းဘေးပျံကျဆိုင်ခန်းများ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး ယခင်ရက်များက နေအိမ်များကို ကြိုတင် အကြောင်းကြားကာ စည်ပင်သာယာရေး တာဝန်ရှိသူများ လာရောက် ပြောကြားခဲ့ကြောင်း သိရသည်။

“ အခု ဟိုနေ့ညက ညတွင်းချင်း ကရိန်းကားတွေ နဲ့ လာပြီး မသွားတယ်။ ကွမ်းယာဆိုင်ခုံတွေကို သယ်သွား ကြတယ်။ နေရာ ရွေ့ပြောင်းထားရင်တော့ ရတယ်။ မင်းလမ်း ပေါ်မှာလည်း ကွမ်းယာထုံးတွေ မှောက်နေတာ မြင်တယ်။ ”ဟု မြင်တွေ့သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၂၀) ရက် ညပိုင်းတွင် ကရိန်းကားများဖြင့် လမ်းဘေးဆိုင်ခန်း ကွမ်းယာခုံများကို ရှင်းလင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့၏ နေအိမ်များတွင် ဖွင့်ထားသည့် ဆိုင်ခန်းများမှ လွဲ၍ လမ်းပေါ်တွင် ဖွင့်ထားသော ပျံကျ ဆိုင်ခန်း၊ ကွမ်းယာခုံများ ရှင်းလင်းရေး စီမံချက်ကို ဝန်ကြီး ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

တောင်ကြီးမြို့ ရှိ လမ်းမကြီး ၃ သွယ်တွင် ဆိုင်ခန်းပျံကျများရှင်းလင်းရေး ဆောင်ရွက်ထားရှိကာ မြို့မဈေး မျက်နှာစာတွင်လည်း ယာဉ်မရပ်ရ စာတန်းများ မင်းလမ်းတစ်လျှောက် ထားရှိကြောင်း သိရသည်။

ထို့ပြင် အနောက်မြို့ပတ်လမ်း တစ်လျှောက် ရှိ နေအိမ် ခြံစည်းရိုးများကိုလည်း ဆေးသုတ်ထားကြရန် သီတင်းကျွတ် လကွယ်ရက် မတိုင်မှီ ထဲက အိမ်ရှင်များကို အသိပေးထားခြင်း ရှိကြောင်း ကြားသိရသည်။

လမ်းဘေးပျံကျဆိုင်ခန်းများ ရှင်းလင်း ဆောင်ရွက်သဖြင့် အခြေခံ လူတန်းစားများ စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။

#PPV-006
#Humanright
#Taunggyi
#ပျံကျစျေး
#ရှင်းလင်း

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed