ခမ်းသားငေါဝ်း
ဒီဇင်ဘာလ ၂၄၊၂၀၂၄

မြန်မာနိုင်ငံအတွက် အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်ကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်း လူသားချင်းစာနာမှု ပရိုဂရမ် စက်ဝိုင်း စာတမ်းလွှာ UNOCHA ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်း ၄ နှစ်နီးပါး ကာလ အတွင်း လက်နက်ကိုင် တိုက်ပွဲများ နယ်မြေ ကျယ်ပြန့်မှု ရှိခဲ့ကာ စစ်ဘေးရှောင် ဦးရေလည်း တိုးပွားလာခြင်း ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးရေ ၅ ဆ ကျော် တိုးလာပြီး ကုလသမဂ္ဂ ခန့်မှန်းချက်အရ လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းခန့်ရှိနိုင်ကြောင်း ဆိုထားသည်။

အကူအညီ လိုအပ်နေသူများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ပစ်မှတ်ထားသူများသည် လိင်၊ အသက်အရွယ်နှင့် မသန်စွမ်းသူများဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း ၅၆ ဒဿမ ၆ သန်း တွင် ၊ အကူအညီ လိုအပ်သူပေါင်း ၁၈ ဒဿမ ၆ သန်း၊ ကူညီပေးရန် လျာထားသူပေါင်း ၅ ဒဿမ ၃ သန်းရှိကြောင်း UNOCHA ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လူဦးရေ ကို အကူအညီများပေးအပ်နိုင်ရန် အတွက် အမေရိကန်ဒေါ်လာပေါင်း ၉၉၄ သန်း လိုအပ်နေကြောင်း ၊ အကူအညီ လိုအပ်သူပေါင်း ၁၈ ဒဿမ ၆ သန်း ရှိကာ၊ အမျိုးသမီးနှင့် မိန်းကလေး ၅၂ ရာခိုင်နှုန်း ၊ ကလေးသူငယ် ၃၂ ရာခိုင်နှုန်း ၊ သက်ကြီးရွယ်အို ၁၁ ရာခိုင်နှုန်း ၊ မသန်စွမ်းဦးရေ ၁၃ ရာခိုင်နှုန်း ရှိကြောင်း UNOCHA ထုတ်ပြန်ချက်အရ သိရသည်။

ကဏ္ဍအလိုက် လိုအပ်ချက်များမှာ ပညာရေးတွင် ၉၄ သန်း၊ အစားအစာ လုံခြုံရေးတွင် ၂၈၉ သန်း ၊ ကျန်းမာရေးတွင် ၁၃၀ သန်း၊ အာဟာရ တွင် ၅၈ သန်း၊ ကာကွယ်ရေးတွင် ၁၆၁ သန်း၊ Shelter/NFI/CCCM တွင် ၁၄၉ သန်း၊ သန့်ရှင်းရေး တွင် ၁၀၆ သန်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း တွင် ၇ သန်း လိုအပ်ချက် ရှိနေကြောင်း သိရသည်။

#PPV-006
#Humanright
#UNOCHR
#အကူညီ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed