ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၃
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက် (၁)၌ ပတ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံ တစ်ဦးထံမှ သိရှိရသည်။
ညမထွက်ရ အမိန့်ကို ည ၇ နောက်ပိုင်းမှစပြီး မနက် ၄ နာရီ အထိ အပြင်သို့သွားလာခြင်းမရကြောင်း သိရှိပါသည်။
“ဗုံးပေါက်ကွဲပြီးတဲ့နောက်ပိုင်းမှာ ည ၇ နာရီခွဲနောက်ပိုင်းဆိုရင် အပြင်လျှောက်မသွားဖို့နဲ့ မာရှယ်လော ထုတ်ထားတယ်လို့ ကြားထားတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။
ကျောက်မဲမြို့ထဲ ဂိတ်အဝင် အထွက်များသည် လည်း သွားလာသည့် သူကို အစစ်ဆေး တင်းကြပ်ထားကြောင်း သိရသည်။
“ဂိတ်တွေမှာ အရင်ကထက်ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေတော့ရှိတယ်” ဟု ဒေသခံမှ ဆက်ပြောသည်။
ထိုသို့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်းကြောင့် ဒေသခံများအနေဖြင့် လွတ်လပ်စွာ သွားလာလို့မရခြင်းနှင့် အရေးပေါ်ဖြစ်ပွားပါက ဒေသခံတစ်ဦးအနေဖြင့် သွားလာဖို့အခက်အခဲဖြစ်ကြောင်း ၄င်းမှ ဆက်ပြောသည်။
သြဂုတ်လ ၆ ရက် နေ့လယ် ၁၂ နာရီဝန်ကျင်ကကျောက်မဲမြို့ ရပ်ကွက်(၁) တွင်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ စည်ပင်အရာရှိ အပါအဝင် လူ ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရ သည်။
#PPV 009