ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊၂၀၂၄

တောင်ကြီးမြို့နယ်တွင်းရှိ ကျေးရွာများတွင် ကျူး ကျော်များကို ကွင်းဆင်း စာရင်းကောက်ယူဆောင် ရွက်နေကြောင်း သက်ဆိုင်ရာ သက်ဆိုင်ရာ ဌာနများထံမှစုံစမ်းသိရှိရ သည်။

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့နယ်တွင်းရှိ ကျေးရွာများတွင် ဌာနပေါင်းစုံ အဖွဲ့စုံတို့ဖြင့် ကျူးကျော်များကို စာရင်းကောက်ယူခြင်း လုပ်ငန်းကို စတင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ညိုမီးရွာတို့ တွင်လည်း ကျူးကျော် နေအိမ်များ ရှိမရှိ ဆက်လက် ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။.

ရွှေညောင်မြို့ရှိ အများပြည်သူ ပိုင်ဆိုင်သော မြေကွက်လွတ်များကို သိမ်းယူသွားရန် ပြင်ဆင်နေသဖြင့် သက်ဆိုင်ရာ ဌာန များထံသို့ အသနားခံစာ တင်ပြရန် ပြင်ဆင်နေကြောင်း မြေပိုင်ရှင် များထံမှ သတင်း ကြား သိရသည်။

‘ ရွှေညောင်မှာလည်း မြေကွက်တွေကို သိမ်းယူသွားဖို့ ပြင်ဆင်နေလို့ နားလည် တတ်ကျွမ်းတဲ့ လူနဲ့ စာစီပြီး ပြန်လည်တင်ပြဖို့ လုပ်နေတယ်။ ပိုင်ရှင်တွေ ရှိတယ်လေ။ ’ဟု ရွှေညောင်မြို့မှ မြေပိုင်ရှင် တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်လည်း အစွန်အဖျား ရပ်ကွက်များတွင် ဆောက်လုပ်ထားသော နေအိမ်များကို ပထမ အကြိမ် အသိပေးစာပေးပို့ထားပြီး ဒုတိယအကြိမ် အသိပေးစာကိုလည်း ထပ်မံ ပေးပို့ရန် ပြင်ဆင်နေကြောင်း ၎င်းအစွန်အဖျား၌ ဆောက်လုပ်ထားသော နေအိမ်ပေါင်း ၅၀၀၀ ခန့် ရှိနိုင်ပြီး နှစ်ပေါင်းများစွာ ကပင် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ မြေယာ ကိစ္စရပ်များကို တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်နေခြင်း ရှိကြောင်း ၊ ၁၀၅ မြေပုံ ကူးဆွဲခွင့် အပါအဝင် မြေယာကိစ္စရပ်များကို အစိုးရ မှ ဆုံးဖြတ် ဆောင်ရွက်နေကြောင်း ကြားသိရသည်။

#PPV-006
#social
#Taunggyi
#ကျူးမြေ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed