ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊၂၀၂၄

ရပ်စောက်မြို့နယ်၊ကျောက်ဂူဒေသတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ဓနုပြည်သူ့လူ့မြောက်ရေးတပ်မတော် DPLA တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ ကျောက်ဂူအမြောက်တပ်(အမတ၃၄၉) အနီးတွင် ဒီဇင်ဘာ ၁၈ ရက်နေ့၌ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သလို ကျောက်ဂူ အဝင်လမ်းတံတားပျက်စီးသွားသည်။

” တိုက်ပွဲကတော့ အရင်တစ်ခါအပြီး ကြားထဲမှာထိတွေ့မှုအနည်းငယ်ဖြစ်တယ်၊ မနေ့ကတော့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တာရှိတယ်၊ ဒီနေ့လည်းထိတွေ့တိုက်ပွဲ ဖြစ်တာရှိတယ်၊ တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်ကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်၊ အဲ့တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်၊ ကျောက်ဂူအဝင်လမ်းတံတားလည်းပျက်သွားတယ်၊ နေအိမ်အချို့လည်း ပျက်စီးသွားပါတယ်” ဟု DPLA တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုချိန်ထိစစ်ကောင်စီဖက်မှ ဒရုန်းဗုံးကြဲခြင်း လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေလျက်ရှိကြောင်းသိရသည်။

” စစ်ကောင်စီဖက်ကတော့ ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်တာတွေ ဆက်ပြီးလုပ်နေတုန်းပါ” ဟု ၎င်း ကဆက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးကြောင်း ၎င်း ကဆိုသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်ဂူဒေသ ကျောက်မီးခတ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

#PPV 003
#ကျောက်ဂူ
#Humanright
#တိုက်ပွဲ
#ရပ်စောက်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။