ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးဖို့ကြိုးစားတဲ့ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးက ၄င်းတို့ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ရွှေထုတ်အပြင် ငွေသားသိန်းရာချီနဲ့အတူ သေဆုံးနေတာကို AA ကဖမ်းဆီးရမိတယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
၄င်းသေဆုံးတဲ့အချိန်မှာ နေ့လယ်ပိုင်း ၁၂ နာရီအချိန်ဖြစ်ပြီး မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်း ချောင်းအနီး ပုစွန်ကန်တဲနားမှာ မိုင်းနင်းမိပြီး သွေးထွက်လွန်သေဆုံးခဲ့ကြောင်း ၄င်းနားမှာ အခေါက်ရွှေတုံးတချို့နဲ့ ရွှေထည်အချို့တွေအပါအဝင် ငွေသားကျပ်သိန်း ၈၀၀ ခန့်ကိုလည်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထွက်ပြေးလာတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးက မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ မောင်တောတစ်မြို့လုံး သိမ်းပိုက်နိုင်ရေးအတွက် တစ်ခုတည်းကျန်ရှိနေတဲ့ နခခ-၅ စခန်းကို ဒီဇင်ဘာလ ၈ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှာ AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ် – မြန်မာ နှစ်နိုင်ငံ နယ်စပ် တစ်လျောက်ကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါအပြင် ရခိုင် ၁၇မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ် စသည့် ၁၂ မြို့တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို လည်း AAက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
AAအနေနဲ့ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်ရန်မှာ တရုတ်စီမံကိန်းရှိတဲ့ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်ကောင်စီတပ်ဖွဲ့တွင် အခြေစိုက်တဲ့ ပြည်နယ်မြို့ စစ်တွင်သာကျန်ရှိတော့ကြောင်းသိရပါတယ်။
PPV0010
ပုံ-AA
#စစ်ရေး
#မောင်တောမြို့နယ်
#ရွှေဇားကပ္ပကောင်းချောင်း
#ပုစွန်ကန်တဲ
#မိုင်းနင်းမိ
#အခေါက်ရွှေတုံး
#ရွှေထည်
#ငွေသား
#တပ်မမှူး
#ဗိုလ်မှူးကြီးအောင်နေမျိုးက
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။