……………..
ခမ်းသားငေါဝ်း
သြဂုတ် ၆၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ နေရာနှစ်နေရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် စစ်ကောင်စီတပ်တို့ သြဂုတ်လ ၆ရက် နံနက် ၆ နာရီအချိန်၌နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။
ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက်ကျေးရွာအနီးရှိ SSPP တပ်စခန်းကို စစ်ကောင်စီတပ်ဖက်မှ အင်အား ၇၀ ခန့်ဖြင့်ထိုးစစ်ဆင် ဝင်ရောက်လာသောကြောင့်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီး တစ်နာရီအကျော်တွင် မန်ဆေအုပ်စု၊မက်လန်းရွာ၌ တပ်စွဲဲထားသည့်စစ်ကောင်စီတပ် ခမရ ၅၇၃ ကို SSPP/SSA မှ ပြန်လည်ခုခံစစ်ဆင်နွဲခဲ့ကြောင်းဆိုပါသည်။
စစ်ကောင်စီတပ်ဖက်မှ လဲချားမြို့နယ်အတွင်း SSPP/SSA တပ်စခန်းနေရာ ၁၀ ခုကို အကြိမ်ကြိမ်ဆုပ်ခွားခိုင်းပြီး ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA)အနေဖြင့်လည်း ဌာနချုပ်လုံခြုံရေးအတွက် မည်သည့်အကြောင်းပြချက်နှင့်မျှ တပ်ပြန်လည်မဆုပ်ပေးနိုင်ကြောင်း စစ်ကောင်စီထံကို ခိုင်မာစွာ အကြောင်းပြန်ခဲ့ပြီးဟုသိရှိရပါသည်။
သြဂုတ်လ ၄ ရက်နှင့် ၅ ရက်တွင် စစ်ကောင်စီတပ်ဖက်က မန်ကျန်ရွာမှနေပြီး SSPP/SSA တပ်စခန်းရှိရာကိုလက်နက်ကြီး ဆယ်ကြိမ်ထက်မနည်း ရန်စပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ချက်အရ သ်ိရပါသည်။
#PPV-006

You missed