ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၈၊ ၂၀၂၄

လားရှိုးမြို့နယ် မန်အိုင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်ထွက်သွားခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်အိုင်ကျေးရွာနေ အသက် (၃၈)နှစ်အရွယ် ဦးလောက်စန်းဆိုသူသည် ဒီဇင်ဘာလ ၁၃ ရက်၌ ယခင် စစ်ကောင်စီတပ်စခန်းအနီးတွင် ဆေးမြစ်သွားရှာနေစဥ် မြေမြုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သောကြောင့် ခြေထောက်နှစ်ဖက်လုံး ပြတ်သွားပြီး လက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် မိုင်းရှင်းလင်ရေးအလုံးစုံ မပြုလုပ်ရသေးသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ယခင်စစ်ကောင်စီတပ်စခန်းအနီးတွင် သွားရောက်ခွင့် ပိတ်ပင်ထားလျက်ရှိကြောင်းသိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားသည့်မြေမြုပ်မိုင်းကြောင့် ရှမ်းမြောက်အတွင်း မြို့နယ်များရှိ ဒေသခံများသည် မကြာခဏ မြေမြုပ်မိုင်းများကို နင်းမိပြီး ခြေလက်များ ဆုံးရှုံးသွားရသည့်အပြင် အသက်ဆုံးရှုံးသွားသည့် ဒေသခံများလည်း ရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

PPV 003
ပုံ-TNLA
#လူ့အခွင့်အရေး
#လားရှိုးမြို့နယ်
#မန်အိုင်ကျေးရွာ
#စစ်ကောင်စီတပ်စခန်းအနီး
#ဆေးမြစ်သွားရှာ
# မြေမြုပ်မိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed