ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၇၊ ၂၀၂၄
တောင်ကြီး မြို့ပေါ်ရှိ လူငယ်နှစ်ဦး အလုပ်ပြန်ချိန်၌ စစ်ကောင်စီ၏ပေါ်တာဆွဲခြင်း ခံခဲ့ရပြီး သိန်း ၂၀ဖြင့်ပြန်ရွေးခဲ့ရကြောင်း မြို့ခံတစ်ဦးဆီမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ ည ၇ နာရီနောက်ပိုင်း အလုပ်ပြန်ချိန် စစ်ကောင်စီသည် ရပ်ကွက်တွင် ကားဖြင့်လည်ပတ်ချိန်၌ လူငယ်နှစ်ဦး ဖမ်းဆီခံခဲ့ရပြီး ဆိုင်ရှင်မှငွေဖ့င့်ပြန်ရွေးပေးရသည်။
“လေးငါးရက်လောက်တော့ရှိပြီ ည ၇ နာရီလောက်အလုပ်ကပြန်ချိန် စစ်တပ်ကကားနဲ့ပတ်နေတဲ့ချိန်တိုးပြီး ချက်ချင်းကားပေါ်ဆွဲပြီး ပေါ်တာပုံစံလို့မျိုးဖမ်းသွားတယ် တစ်ယောက်ကယောကျားလျှာ ယောကျ်ားလေးမဟုတ်ဘူး ပြန်လွတ်ပေးဖို့ပြောတော့ ငွေနဲ့ရွေးရမယ်ဆိုလို့ ဆိုင်ရှင်ကိုဖုန်းဆက်ပြီးဆိုင်ရှင်က ရွေးပေးတာ”ဟု မြို့ခံတစ်ဦးကပြောသည်။
ဖမ်းဆီခံရသည့် လူငယ်နှစ်ဦးသည်လက်ဖက်ရည်ဆိုင် စားပွဲထိုးဖြစ်ပြီး ၎င်းတို့အားပြန်လွှတ်ပေးရန် စစ်တပ်ကိုတောင်းဆိုခဲ့ပြီး ပိုက်ဆံဖြင့် ညှိနှိုင်းခဲ့ရာ ဖမ်းဆီခံရသူလူငယ်နှစ်ဦးသည် ၎င်းတို့၏ လခမှပြန်ဖြတ်ယူရန်ဆိုင်ရှင်အားတောင်းပန်ခဲ့ပြီး ဆိုင်ရှင်က သိန်းနှစ်ဆယ်ဖြင့် ရွေးခဲ့ရကြောင်း၄င်းက ဆက်ပြောသည်။
တောင်ကြီးမြို့ပါ်ရှိလူငယ်များသည် ယခုကာလ၌ ပေါ်တာဆွဲခံရသူများပြားလာသည် နှင့်အမျှ လူငယ်များပျောက်ဆုံးမှုလည်း များပြားလာကြောင်းသိရသည်။
PPV0013
ပုံ-ခမ်းသားငေါဝ်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့ပေါ်
#လူငယ်
#အလုပ်ပြန်ချိန်
#ပေါ်တာဆွဲခြင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။