ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၄၊ ၂၀၂၄
ဘင်ခရာတပ်ဖွဲ့ကို ပအိုဝ်းဝတ်စုံဝတ်ပြီး နောင်ကားဘောလုံးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကျင်းပပြုလုပ်သည့်ပေါ် ပအိုဝ်းပြည်သူများအကြား ဝေဖန်မှုမြင့်တက်လာခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားရွာတွင် ဒီဇင်ဘာ ၁၃ ရက်က ပအိုဝ်းအမျိုးသားဘောလုံး အဖွဲ့ချုပ် ဥက္ကဌဖလား ဘောလုံးပွဲ ဖွင့်ပွဲ၌ ဘင်ခရာတပ်ဖွဲ့၏ ဝတ်စုံသည် ပအိုဝ်းအမျိုးသားတို့ အထွတ်အထိပ် ထားသည့်ဝတ်စုံဖြင့် တဝက်တပျက်ဝတ်ဆင်ခြင်းကြောင့် ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်သည်။
ဘင်ခရာတပ်ဖွဲ့သည့် သူ့ဝတ်စုံရှိသော်လည်း နောင်ကားဘောလုံးပွဲဖွင့်ပွဲတွင် ခေါင်းပေါင်းနှင့် ဝတ်စုံအပြည့်အစုံမဝတ်ပဲ ဘင်ခရာဝတ်စုံဦးထုပ်နှင့် ဖိနပ်ဝတ်ပြီး ပအိုဝ်းဝတ်စုံနှင့်မလိုက်မကိုက်ဝတ်ဆင်ထားသည်ကို တွေ့ရသည်။
‘’အရင်တခေါက်လည်း ပအိုဝ်းဝတ်စုံကို ဝတ်ပြီးတပ်ရဲ့ စစ်ရေးပြလုပ်ပြီးပြီ၊ ပအိုဝ်းလူမျိုးကို တခြားတိုင်းရင်းသားတွေရဲ့ ရန်သူဖြစ်အောင်လုပ်ပြီးပြီ၊ အခုလည်း ကြည့်လိုက်အုံး ပအိုဝ်းဝတ်စုံဆိုတာ ခေါင်းပေါင်းနဲ့ နက်ပြာဝတ်စုံကလှပြီးသား အခုကပအိုဝ်းဝတ်စုံနဲ့ ဘာတွေဆောင်းထားတာလဲ။ လူငယ်တွေ ခေတ်စနစ်အရ ဒီဇိုင်းထွင်တာကို ဝိုင်းဝန်းဆဲကြတယ် အခုက လူကြီးတွေလုပ်တဲ့ပွဲ ရှက်လည်းမရှက်ဘူး လား” ဟု ဝေးခွန်မောင်က သူ၏ လူမှုစာမျက်နှာတွင် ဝေဖန်ပြောဆိုထားသည်။
PNA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးခွန်လာကလည်း ’’အတိတ်လဲ့မကောင်းဘူး၊ နမိတ်လည်းမကောင်းဘူး၊ မျက်စိလည်း ကောင်းကောင်းမမြင်ဘူး၊ နားကြားတာလည်း နားမလည်ဘူး၊ အိပ်မက်လား၊ အတွေးမှားနေလား”ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ပြောဆိုထားသည်။
ထို့အပြင် ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုပေါင်းများစွာရှိခဲ့ပြီး ထိုသို့ဝတ်ဆင်ထားသည့် အပေါ် သဘောမကျကြောင်းသိရသည်။
ထိုဘောလုံးပွဲတွင် ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးပီတာထွန်းနိုင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ခွန်သိန်းဖေ နှင့် ပအိုဝ်းအမျိုးသားဘော်လုံးအဖွဲ့ချုပ်(PNFF) အတွင်းရေးမှူး ဦးခွန်ဝင်းကို တို့တက်ရောက်ခဲ့ကြောင်းသိရသည်။
photo credit
#ppv002
#နောင်ကား
#ဘောလုံးပွဲ
#ပအိုဝ်းဝတ်စုံ
#ဝေဖန်မှု
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။