ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၄၊ ၂၀၂၄
တောင်ကြီးမြို့၊ ရေအေးကွင်းနှင့် မင်္ဂလာဦးရပ်ကွက်တို့တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ်ယူရာ မတက်ရောက်သည့်အိမ်များငွေဒဏ် တစ်သိန်းကျပ်ပေးဆောင်ရကြောင်း မြို့ခံလူငယ်တစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ ရေအေးကွင်း နှင့် မင်္ဂလာဦးရပ်ကွက်တို့ရှိ ပြည်သူ့စစ်မှုထမ်းစာရင်းတွင် အကျုံးဝင်သူများနှင့် ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် (၈၊၉၊၁၀) သင်တန်းတက်ရောက်နိုင်ရေးအတွက် ယနေ့ဒီဇင်ဘာ ၁၄ ရက်နေ့က အစည်းအဝေးခေါ်ယူနေကြောင်းသိရသည်။
” ရပ်ကွက်တော်တော်များများခေါ်နေပါတယ်အခု၊ မသွားချင်ရင်တော့ တစ်သိန်းပေးရတယ်၊ မပေးနိုင်တဲ့ အိမ်တွေဆိုသွားရတယ်ပေါ့လေ၊ ကျွန်တော်ကတော့ မသွားလို့ အိမ်ကတစ်သိန်းပေးရတယ်၊ တစ်ချို့ကျလည်းကြောက်လို့ထွက်ပြေးကြတာရှိတယ်၊ ကျွန်တော်တို့ရပ်ကွက်မှာဆို ကျောင်းသားတွေရယ်၊ အသက်ကြီးတဲ့လူတွေပဲကျန်တော့တယ်” ဟု မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
တောင်ကြီးမြို့တွင် စစ်ကောင်စီက ညပိုင်းအချိန်၌ လမ်းသွားလမ်းလာများကို ဖမ်းဆီးပေါ်တာဆွဲခြင်းများ ပြုလုပ်နေလျှက်ရှိကြောင်းသိရသည်။
ထို့အပြင် စစ်မှုထမ်းများအတွက်ငွေကြေးကောက်ရာတွင်တောင်ကြီးမြို့ပေါ်ရှိ လူမရှိသည့်နေအိမ်ပါကောက်ခံသလို၊ အိမ်ရှင်အိမ်ငှားအကုန်လုံးကောက်ခံနေကြောင်းသိရသည်။
ပြည်သူ့စစ် စစ်မှုထမ်း သင်တန်းတက်ရောက်သည့်သူများသည် တိုက်ပွဲဖြစ်ပွားသည့်ရှေ့တန်းကိုပို့ဆောင်ခြင်းကြောင့် အသက်သေဆုံးခဲ့ရသူ လည်းရှိသည်။
#PPV 003
#Humanright
#Taunggyi
#စစ်မှုထမ်း
#ပြည်သူ့စစ်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။