ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၂၊ ၂၀၂၄

ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အခြေခံကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်ဟု PNFCနှင့် PNLOက ဒီဇင်ဘာ(၁၁)ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက်ပအိုဝ်းတော်လှန်ရေးနေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်းချက်ကို အခြေခံပြီး ခိုင်မာအားကောင်းသည့် နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ် အမြန်ဆုံးရရှိရေးအတွက်လည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

PNFCနှင့် PNLOသည် ၎င်းတို့အနေဖြင့် ပအိုဝ်းပြည်သူများအပါအဝင် တိုင်းရင်းသားပေါင်းစုံပြည်သူများကို ကာကွယ်ရန်မှတစ်ပါး ပအိုဝ်းအချင်းချင်းကြားသော်လည်းကောင်း တိုင်းရင်းသားအချင်းချင်းကြားသော်လည်းကောင်း လက်နက်ကိုင်ပဋိပက္ခများကို အတတ်နိုင်ဆုံးရှောင်ရှားကာ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာ‌ရေးမူကိုလည်း အတတ်နိုင်ဆုံးကျင့်သုံးနေသည်ဟုလည်း ဆိုထားသည်။

ထို့အပြင် (၂၀၁၇)ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၌ ရရှိခဲ့သည့်သွေးစည်းညီညွတ်ရေးကို အခြေခံကာ PNO/PNAအနေဖြင့် ပအိုဝ်းအချင်းချင်းကြားပဋိပက္ခမဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးပါရန်လည်း မေတ္တာရပ်ခံပန်ကြားထားသည်။

လုံးဒါညီလာခံတွင်ချမှတ်ခဲ့သည့် စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးမူနှင့်အညီ လူထုတော်လှန်ရေးကြီးတွင် PNO/PNA အနေဖြင့် ပြန်လည်ပူးပေါင်းဆင်နွဲပါရန်လည်း တိုက်တွန်းနိုးဆော်ထားသည်။

#PPV007
ပုံ-PNLO/PNFC
#နိုင်ငံရေး
#ပြည်ထောင်စု
#ပြည်နယ်သစ်များပေါ်ထွန်းခွင့်
#ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး
#နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်း
#PNFC
#PNLOက
#ပအိုဝ်းတော်လှန်ရေးနေ့တွင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။