ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၁၊ ၂၀၂၄
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် အနယ်နယ်အရပ်ရပ်မှ ပအိုဝ်းလူငယ်များ စုစည်းပြီး လူ့အခွင့်အရေး အခြေခံမူ၊ လူ့အခွင့်အရေး သမိုင်းနှင့် ချိုးဖောက်မှု ဆိုင်ရာမှတ်တမ်းဗီဒီယို ပညာပေးခြင်း၊ အမေးအဖြေများဖြင့်ကျင်းပခဲ့ကြောင်း ပအိုဝ်းလူငယ်အသည်းအရုံး( PA-O YOUTH ORGANIZATION)မှ ဒီဇင်ဘာ(၁၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။
(၂၀၂၄)ခုနှစ်၊ ဒီဇင်ဘာ(၁၀)ရက်နေ့၏ “Our Rights, Our Future, Right now” ကျွန်ုပ်တို့၏ အခွင့်အရေးသည် ကျွန်ုပ်တို့၏ အနာဂတ်၊ ချက်ခြင်းဆောင်ရွက်ရန် ဟူသည့် တိုက်တွန်းချက်နှင့်အတူ စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းမှ ဖြစ်ပေါ်နေသော အဓိက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားသည်။
စစ်ကောင်စီမှ မတရား အာဏာသိမ်းပြီး နောက်ပိုင်း လက်နက်ဖြင့် ဖိနှိပ်ခြင်း၊ အကြောက်တရားများဖြင့် ဖိနှိပ်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်ဖြင့် သာသနာ အဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ နေအိမ်များ ဖျက်ဆီးခြင်း၊ နိမ့်နိမ်းက အရပ်သားရှင်လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ အတင်းအဓမ္မ စစ်သား စုဆောင်းခံရခြင်း၊ လူငယ်အများစု ပြည်ပထွက်ပြေး တိမ်းရှောက်နေရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကြောင့် နေ့စဉ် စစ်ဘေးရှောင်များ တိုးလာခြင်းနှင့် အကူအညီ လုံလောက်စွာ မရခြင်း၊ အတင်းအဓမ္မငွေကောက်ခံခြင်း၊ ပေါ်တာဆွဲခံရခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရခြင်းတို့ကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီမှ လူသားချင်း စာနာထောက်ထားမှု မရအောင် တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ဖုံးကွယ်ရန် ဘာသာရေး၊ လူမျိုးရေး အာရုံလွဲ ခွဲခြား ဖိနှိပ်ခြင်းကို ကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပအိုဝ်း လူငယ်အစည်းအရုံးအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအတွက် အမှုမှန်၊ အမှန်တရား၊ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရန်၊ ပအိုဝ်းမူဝါဒနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ ရေးဆွဲရာတွင် လူ့အခွင့်အရေး ပါဝင်အခြေခံရန် တိုက်တွန်းထားသည်။
ပအိုဝ်းအမျိုးသား လူငယ်များ နိုင်ငံရေး ပါဝင်လာနိုင်စေရန်နှင့် ပအိုဝ်းအမျိုးသား အခြေခံအင်အားစုများ ပအိုဝ်းအမျိုးသား နိုင်ငံရေး ဆွေးနွေးမှု ပြင်ဆင်ရန် ခွင့်အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ပအိုဝ်းလူထုများ၊ အမျိုးသားရေး အခြေခံအင်အားစုများ နှင့် ပအိုဝ်းလူငယ်များကို တိုက်တွန်းထားသည်။
PPV0011
ပုံ-PYO
#လူ့အခွင့်အရေး
#အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့
#အနယ်နယ်အရပ်ရပ်မှပအိုဝ်းလူငယ်များ
#လူ့အခွင့်အရေးအခြေခံမူ
#လူ့အခွင့်အရေးသမိုင်း
#မှတ်တမ်းဗီဒီယိုပညာပေးခြင်း
#အမေးအဖြေများ
#ပအိုဝ်းလူငယ်အသည်းအရုံး
#PA-O YOUTH ORGANIZATION
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။