ရက်စွဲ။ ။၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့

၁။ ပအိုဝ်းပြည်သူလူထုတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခံရသည်မှာ နှစ်ပေါင်း ၇၀ ကျော် ရှိလာခဲ့သည့်အပြင် ယနေ့ထိတိုင် ပအိုဝ်းပြည်သူတို့၏ ရပိုင်ခွင့်အခွင့်အရေးများနှင့် အခွင့်လမ်းများကို အာဏာရှင်အုပ်စုတို့မှ ပိတ်ပင်တားဆီးမူများ ဆက်လက်ရှိ နေပါသေးသည်။ ထို့အပြင် ပအိုဝ်းပြည်သူလူထုတို့သည် သတင်းမီဒီယာလက်လှမ်းမှီမှုနှင့် သတင်းအချက်အလက်ရယူသည့်နေရာ တွင် လွတ်လပ်စွာရယူမှုမရှိသည့်အပြင် ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ဟန့်တားထားမှုများရှိနေပါသည်။ ထို့ကြောင့် ပအိုဝ်းပြည်သူ လူထုတို့၏ တန်းတူအခွင့်အရေးနှင့် တရားမျှတမှုရရှိစေရေး လူ့ဂုဏ်သိက္ခာနှင့်အညီရှင်သန်နိုင်စေရေး ပအိုဝ်းပြည်သူလူထုတို့၏ အားကိုးအားထားရာ နှမ်းစေ့တစ်စေ့ဖြစ်စေရန်နှင့် ပအိုဝ်းအမျိုးသားများပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ခမ်းသားငေါဝ်း – The People’s Voice မီဒီယာ သတင်းဌာနကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

၂။ ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့သည် ခမ်းသားငေါဝ်း – The People’s Voice မီဒီယာ သတင်းဌာနကို တည်ထောင်ခဲ့ခြင်း (၁၁) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ ခမ်းသားငေါဝ်း- The People’s Voice မီဒီယာ သတင်းဌာနသည် သီးခြားလွတ်လပ်ပြီး မည်သည့်နိုင်ငံရေး ပုဂ္ဂိုလ်၊ ပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းတို့၏ လွမ်းမိုးမှုမရှိဘဲ ယနေ့အချိန်ထိ ပအိုဝ်းပြည်သူလူထုနှင့်အတူ အမှန်တရားဖော်ထုတ်ရာတွင် ဘက်လိုက်မှုမရှိ သမာသမတ်ရပ်တည်သည့် သတင်းမီဒီယာတစ်ခု ဖြစ်ပါသည်။

၃။ ခမ်းသားငေါဝ်း The People’s Voice မီဒီယာသည် အဖွဲ့အစည်းစတင်တည်ထောင်သည့် အချိန်မှစ၍ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူလူထုတို့၏အသံနှင့် နိုင်ငံရေးအခြေအနေများအားလွမ်းခြုံပြီး လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီးအကြမ်းဖက်ခံရမှု၊ တိုက်ပွဲသတင်း တို့အပြင် တပ်သားသစ်စုဆောင်းမှု၊ မြေယာသိမ်းဆည်းမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု စသည့်အကြောင်းအရာများကို ပြည်သူလူထုနှင့်အတူ တစိုက်မတ်မတ်ရေးသားဖော်ထုတ်ခဲ့ပါသည်။‘’ရှေ့ဆက်ပြီးတိမ်မြုပ်နေသည့် မတရားမှုခံစားနေရသည့် ပြည်သူတို့၏အသံနှင့် တိုင်းရင်းသားဒေသအတွင်း လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်ခံနေရမှုများကို သတင်းမီဒီယာကျင့်ဝတ်နှင့်အ ညီ ဆက်လက်ရေးသားဖော်ထုတ်သွားမည်ဟု ခမ်းသားငေါဝ်း-The People’s Voice ပရိသတ်များထံသို့ အသိပေးလိုပါသည်။”

၄။ ခမ်းသားငေါဝ်း- The People’s Voice မီဒီယာသတင်းဌာနကို စတင်တည်ထောင်ချိန်မှစ၍ (၁၁) နှစ်ပြည့်သည့်တိုင် အားပေးလာ ပြီး မတရားမှုကိစ္စရပ်များကို အတူပူးပေါင်းဖော်ထုတ်ခြင်းအတွက် ခမ်းသားငေါဝ်းအဖွဲ့သားများမှ အထူးကျေးဇူးတင်ရှိပါသည်။

ခမ်းသားငေါဝ်း- The People’s Voice အယ်ဒီတာအဖွဲ့

You missed