ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၄

တောင်ကြီးတွင် နိုင်ငံကူးလက်မှတ် (ပတ်(စ်)ပိုစ့်) ပြုလုပ်သည့်ပအိုဝ်းတိုင်းရင်းသူသည် ဗမာစကားမတတ်ခြင်းကြောင့် ရုံးမှငွေ တစ်သိန်းတောင်းခံ ကြောင်းကြုံတွေ့သူ ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပတ်(စ်)ပို့ ရုံးတွင် အသက်ကြီးပိုင်းပအိုဝ်းတိုင်းရင်းသူ နိုင်ငံကူးလက်မှတ် ပတ်(စ်)ပိုစ့် ပြုလုပ်ရာ ဗမာစကားမတတ်ခြင်းကြောင့် ပတ်(စ်)ပို့ရုံးမှ ငွေတစ်သိန်းတောင်းရမ်းခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က သိရပါတယ်။

“အမေအတွက် သွားလုပ်ပေးတာ သူတို့က မြန်မာနိုင်ငံမှာနေပြီး ဗမာစကားမပြောတတ်ဘူးလားတဲ့ ဘာလို့ ဗမာစကားမတတ်တာလဲ မေးတယ်။ ကျမကလည်း သူငယ်ငယ်က ကျောင်းမနေရဘူး စာမသင်ရဘူးလို့ပြန်ပြောလိုက်တယ်။ ဗမာစကားမပြောတတ်လို့တဲ့ ၁ သိန်းတောင်းတယ်။ ကျမတို့က ပိုက်ဆံမရှိတော့ ၇ သောင်းနဲ့ စစ်ခဲ့လိုက်တယ်”ဟု ကြုံတွေ့ရသူ အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထို တောင်းသည့် ပိုက်ဆံ မပေးပါက နိုင်ငံကူးစာအုပ်မထုတ်ပေးဘူးဟု ပြောဆိုသည့်အတွက် တောင်းသည့်ငွေကို ပေးခဲ့ရကြောင်း၄င်းမှဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားအပါအဝင် ရှမ်း၊ ဓနု၊ အင်းသား၊လားဟူ၊တောင်ရိုး၊လီဆူ၊ယင်း၊ ကရင်နီ၊ တအောင်း စသည့်တိုင်းရင်း သား လူမျိုးပေါင်းစုံနေထိုင်သည့်ဒေသဖြစ်သည်။

ထိုတိုင်းရင်းသားများ၏ သက်ကြီးပိုင်းများသည် မိမိဘာသာစကားကိုသာ အဓိက ပြောဆိုကြသည့်အပြင် အခုကဲ့သို့ ဗမာစကားမပြောတတ်ခြင်းအပေါ် ဒဏ်ငွေရိုက်လိုက်ခြင်းသည် တိုင်းရင်းသားတို့၏ ဝိသေသလက္ခာရပ်များကို မလေးစားရာဖြစ်ကြောင့် လူငယ်တစ်ဦးမှပြောသည်။

#ppv010
#ethnic
#pao
#Humanright
#နိုင်ငံကူးလက်မှတ်
#ပတ်စ်ပိုစ့်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed