ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၉၊ ၂၀၂၄
လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ ရေပူစမ်းကို (MNDAA)မှ ပြန်လည်ဖွင့်လင့်လိုက်ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ(၉)ရက်နေ့တွင် သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လားရှိုးရေပူစမ်းအား (၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းကစပြီး ပိတ်ထားပြီး ဒီဇင်ဘာ(၈)ရက်နေ့က စပြီး ပြန်လည် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“တံတားကျိုးနေတာတော့ ပြင်တာမပြီးသေးဘူး။ လောလောဆယ်တော့ရွာလမ်းကနေ ပတ်သွားရတယ်။ အခုစဖွင့်တဲ့အချိန်မို့လား မသိဘူး။ ဆိုင်ခန်းလည်း အများကြီးမရှိသလို ပတ်ဝန်းကျင်လည်း သန့်တယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ရေပူစမ်းသို့ သွားလည်မည့်သူများ ဝင်ကြေးအနေဖြင့် ကား (၂၀၀၀)ကျပ်၊ ဆိုင်ကယ် (၁၅၀၀)ကျပ် နှင့် လူကြီး တစ်ယောက်လျှင် (၁၀၀၀)ကျပ် ပေးဆောင်ရပြီး ကလေး၊သက်ကြီးရွယ်အို၊ ရဟန်းသံဃာတို့အတွက် ဝင်ကြေး အခမဲ့ဖြစ်ပြီး မနက်(၅)နာရီမှ ညဘက်(၉)နာရီ အထိ သွားလာနိုင်ကြောင်း သိရသည်။
ရှမ်းမြောက် တိုင်းစစ်ဌာနချုပ်ဖြစ်သော လားရှိုးမြို့ကို (MNDAA)ပူးပေါင်း တပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ်လမှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
PPV0011
ပုံ-Crd
#သဘာဝအလှ
#လားရှိုးမြို့ရှိ
#လားရှိုးရေပူစမ်း
#စစ်ဆင်ရေးဒုတိယလှိုင်း
#MMDAA