ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၈၊ ၂၀၂၄
မြေပြန့်ဒေသ ပြည်မဘက်တွင် စိုက်ပျိုးသော ခရမ်း ချဉ်သီးများ စတင်ထွက်ရှိလာသဖြင့် ခရမ်းချဉ်သီး စျေးနှုန်း ပြန်လည်ကျဆင်းလာနေကြောင်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး စျေးနှုန်းသည် ဒီဇင်ဘာလ ၇ ရက်တွင် တစ်ပိဿာ ၃၅၀၀ ကျပ် အထိယခင်ကထက် တစ်ထောင်ကျပ်စျေးနှုန်းကျနေပြီး ထိုသို့စျေးကျဆင်းနေသည်မှာ ၃ ရက် ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။
“အခုရက်ပိုင်းအတွင်းကို တစ်ပိဿာ ၂၀၀၀ ကျပ် အထိကျသွားမယ်လို့လဲ ခန့်မှန်းပါတယ်။ ဒီဇင်ဘာ လ အတွင်း လကုန်ပိုင်းလောက်မှာ တစ်ပိဿာ ၂၀၀၀ ကျပ် အထိ ဖြစ်သွားမလား အတိအကျ တော့ ပြောလို့ မရသေးဘူးပေါ့။ စျေးနှုန်းကျဆင်းဖို့က များပါတယ်။ အခု တစ်ပိဿာ ၃၅၀၀ ကျပ် ဖြစ်နေပြီ ။ ”ဟု မိုင်းသောက် ခရမ်းချဉ်သီး စိုက် တောင်သူ တစ်ဦးက ပြောသည်။
ယခင်လ နိုဝင်ဘာလ တွင် ခရမ်းချဉ်သီး စျေးနှုန်း တစ်ပိဿာ ၈၀၀၀ ကျပ် အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၊ ဒီဇင်ဘာလ အစောပိုင်းတွင် စျေးနှုန်း အနည်းငယ် ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။
လက်ရှိ အချိန်တွင် ပျက်စီးသွားသော မိမိ ခြံဝန်းကို ပြန်လည် ပြင်ဆင်နေရသဖြင့် ခရမ်းချဉ်သီး လူလုပ်အား နည်းပါးနေခြင်းကြောင့် လုပ်သားရှားပါးမှု ကြုံတွေ့နေရကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ထိခိုက်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေး ကန်အတွင်း ခရမ်းချဉ်သီးကျွန်းမျော စိုက်ခင်း ဧက ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ရသဖြင့် စိုက်ဧက နည်းပါးနိုင်ကြောင်းသိရသည်။
#PPV-006
#ကုန်စျေးနှုန်း
#ခရမ်းချဉ်သီး
#စျေးပြန်ကျ
VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။