ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊ ၂၀၂၄

(PNO)​ပြည်သူ့စစ်မှ စစ်မှုထမ်းရန်အတင်းခေါ်ပြန်ခြင်းကြောင့် ထိုင်းရောက်လူငယ်များ အခက်အခဲဖြစ်နေကြောင်း လူငယ်များထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ်းကျေးရွာအုပ်စုနေ ထိုင်း‌ရောက်လူငယ်အမျိုး သားများသည် (PNO) ပြည်သူ့စစ်မှ စစ်မှုထမ်းရန်အတွက်အတင်း ပြန်လာခိုင်းသည်။

“လူငယ်တစ်ယောက်အနေနဲ့ကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ပိုက်ဆံထည့်နိုင်ရင်ထည့် မထည့်နိုင်ဘူးဆိုရင် အိမ်မှာ အသက်ကြီးတဲ့ လူတွေ ၄၅ ကျော်တဲ့လူတွေက ​စစ်မှုထမ်းကိုယ်စားသွားရတယ်။” ဟု ထိုင်းရောက်ဟိုနမ်းဒေသခံလူငယ်တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း ဟိုနမ်းကျေးရွာအုပ်စုလူငယ်များ ပြန်လာပြီးစစ်မှုထမ်းစေရန်အတွက် PNO ပြည်သူ့စစ်က မိဘများကိုဖိအားပေးပြောဆိုထားကြောင်းသိရသည်။

‘’ပိုက်ဆံမတတ်နိုင်တဲ့ အချို့က အသက်ကြီးတဲ့ မိဘတွေသွားရမှာစိုးလို့ ပြန်လာကြတာရှိသလို အချို့ကျတော့လည်း ထိုင်းကနေပိုက်ဆံထည့်ပြန်တာရှိတယ်။ ကိုယ်ကိုတိုင်က ရှောင်လို့ရပေမယ့် အိမ်မှာမိဘရှိတဲ့သူကအရမ်းအခက်အခဲဖြစ်တယ်” ဟု၄င်းက ဆက်ပြောသည်။

PNO ပြည်သူ့စစ်မှခေါ်ယူသည့် ပြည်သူ့စစ် တပ်သားသစ်သည် ၈ ကြိမ်မြောက်ရှိပြီဖြစ်ပြီး သင်တန်းသား တစ်သုတ်တွင် သင်တန်း ၇ ရက်သာတက်ရကြောင်း၊ လူကိုယ်တိုင်မပြန်နိုင်သည့်သူများကငွေ တစ်သိန်းထည့်ပေးရကြောင်းသိရသည်။

လက်ရှိ မောက်မယ်မြို့နယ်၊ ဟိုနမ်းကျေးရွာအုပ်စု PNLO ထိန်းချုပ်ထားသည့်နယ်မြေများကို စစ်ကောင်စီနှင့် (PNO) ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးပြီးတိုက်ပွဲများဖြစ်ပွားနေကြောင်းသိရသည်။

#ppv010
#Humanright
#PNO
#ဟိုနမ်း
#ထိုင်းရောက်လူငယ်

VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။