ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၅၊ ၂၀၂၄
ညောင်ရွေမြို့နယ်ရှိ စစ်ဘေးရှောင်များကို လာမည့် မတ်လတွင် နေရပ်အကုန်ပြန်နေကြရန် ပြောဆိုဖိအားပေးနေသောကြောင့် စစ်ရှောင်များအခက်တွေ့နေကြောင်း စစ်ဘေးရှောင်တစ်ဦးထံမှသိရသည်။
ရှမ်းပြည််နယ်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်အတွင်းနေထိုင်ကြသော စစ်ဘေးရှောင်များကို လာမည့်နှစ် မတ်လတွင် အုပ်ချုပ်ရေးတာဝန်ရှိသူများက ၎င်းတို့၏ နေရပ်သို့ အပြီးပြန်နေခိုင်းနေသောကြောင့် စစ်ဘေးရှောင်များအခက်တွေ့နေသည်။
” အုပ်ချုပ်ရေးမှူးတွေက လာမယ့်မတ်လမှာ ကလေးတွေစာမေးပွဲဖြေပြီးတဲ့အချိန်ပေါ့၊ နေရပ်အကုန်ပြန်ရမယ်လို့ပြောနေတယ်၊ ကျွန်တော်တို့က လွိုင်ကော်ဘက်ကလေ၊ ဘယ်လိုပြန်မလဲ ငြိမ်းချမ်းနေသေးတာမဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့ အိမ်က လက်နက်ကြီးထိလို့ ပျက်စီးကုန်ပြီ၊ ဘယ်နားနေရမလဲ”ဟု စစ်ဘေးရှောင်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ဘေးရှောင်များသည် မိမိတို့၏နေရပ်ကိုပြန်နေချင်သော်လည်း နေရာထိုင်ခင်း၊ အလုပ်အကိုင်၊ ဝင်ငွေများ အစစအရာရာ အခက်အခဲဖြစ်နေသောကြောင့် စိုးရိမ်စိတ်များဖြစ်နေကြောင်းသိရသည်။
” တကယ်ငြိမ်းချမ်းနေရင်တော့ ပြန်ချင်တာပေါ့၊ ကိုယ့်အိမ်ပဲ၊ ဒါပေမယ့် ဒီလိုအခြေအနေမှာ နေစရာအိမ်လည်းမရှိ၊ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိနဲ့ ဘယ်လိုလုပ်ရမလဲ၊ သူတို့ကတာဝန်ယူပေးမှာလည်းမဟုတ်ဘူးလေ၊ ဘာမှအဆင်မပြေတဲ့အခြေအနေမှာ အကုန်လုံးအစက ပြန်စရမှာဆိုတော့ ပြန်ရမှာကို တွေးရင်း စိတ်ပူနေတယ်” ဟု ၎င်း ကဆက်ပြောသည်။
ညောင်ရွေမြို့နယ်တွင် စစ်ရှောင်စခန်း ၁၀၀ ကျော်ရှိပြီး စစ်ရှောင်အများစုမှာ ဘုန်းကြီးကျောင်းတွင် နေထိုင်နေကြကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွေမြို့နယ်
#စစ်ဘေးရှောင်များ
#နေရပ်အကုန်ပြန်နေကြရန်
#ပြောဆိုဖိအားပေးနေ
#လွိုင်ကော်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7