ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၃၊ ၂၀၂၄

စံကားဒေသတွင် ဒေသခံများက တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသဖြင့် ပြောင်းဖူးများကို အမြန်ချိုးနေကြရကြောင့် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ဒေသခံများကတိုက်ပွဲထပ်မံဖြစ်လာမည်ကိုနှင့် ပြောင်းဈေးနှုန်းများထိုးကျမည်ကိုစိုးရိမ်သောကြောင့် ပြောင်းများကိုအချိန်မှီရောင်းချနိုင်ရန် အမြန်ချိုးနေကြရကြောင်းသိရသည်။

“အခုချိန်ဆိုပြောင်းတွေက အကုန်မခြောက်ကြသေးဘူး တိုက်ပွဲထပ်ဖြစ်မှာကိုလည်းစိုးရိမ်ရတယ် ပြီး‌တော့ အရင်နှစ်လိုပြောင်းဈေးထိုးကျမှာကိုလည်းကြောက်တယ် အဲ့ကြောင့်အခုပြောင်းဈေးကောင်းရတုန်း အမြန်ချိုးကြတာ တစ်ချို့ဆိုအရင်လကတည်းကချိုးတော့ ရောင်း‌တောင်ရောင်းပြီးနေပြီ”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စံကားဒေသဘက်တွင် ပြောင်းအခြောက်ကို တစ်ပိဿာကို(၁၄၀၀)ကျပ်ရှိနေပြီး သိပ်မခြောက်သေးသည့် ပြောင်းများကလည်း အနည်းဆုံးတစ်ပိဿာ(၁၁၀၀)နှင့်အထက် ရရှိနေကြောင်းသိရသည်။

“အရင်နှစ်ဆိုပြောင်းဖူးစချိုးတဲ့ချိန်က ဈေးကောင်းရနေသေးတယ် တစ်ချို့ဆိုဈေးကောင်းရမှရောင်းမယ် ဆိုပြီးသိုလှောင်တာလည်းရှိတာကော် အဲ့တုန်းကပြောင်းဖူးဈေးအဆမတန်ဈေးကျသွားတော့ သိုလှောင်ထားတဲ့သူတွေက ရတဲ့ဈေးနဲ့ရောင်းလိုက်ရတာရှိတယ် တစ်ချို့ဆိုအရင်းတောင်ပြန်မရဘူး အဲ့ကြောင့်ဒီနှစ်က ဘာမှမဖြစ်ခင်လေးမှာ မြန်မြန်ချိုးမြန်မြန်ရောင်းမလို့”ဟု ၎င်းကဆက်ပြောသည်။

စံကားဒေသတွင် တောင်သူများကပြောင်းကိုအဓိကထားစိုက်ပျိုးလုပ်ကိုင်နေကြပြီး တစ်ခြားသီးနှံများဖြစ်သည့် အာလူး၊ ခရမ်းချဥ်သီး၊ ကြက်သွန်ဖြူစသည်တို့ကိုလည်း စိုက်ပျိုးလုပ်ကိုင်နေကြကြောင်းသိရသည်။

ပုံ-အွန်လိုင်း

#PPV007
#လူ့အခွင့်အရေး
#စိုက်ပျိုးရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#ပြောင်းဈေးနှုန်း
#အချိန်မှီရောင်းချနိုင်ရန်
#အမြန်ချိုးနေကြ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed