ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၃၊ ၂၀၂၄
စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် နိုဝင်ဘာလ (၁) လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀)လောင်းတွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ(၂)ရက်နေ့တွင် (TNLA)မှ ထုတ်ပြန်ထားသည်၊၊
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အတွင်းရှိ ရပ်ကွက်များတွင် ပိုင်ရှင်မဲ့တွေ့ရှိသလို ထို့ထဲတွင် ကျန်တစ်လောင်းက တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ထဲတွင် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုပိုင်ရှင်မဲ့ ရုပ်အလောင်းများသည် မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဖြစ်ပြီး အချို့သည် သတ်ဖြတ်ထားခံရသည့် ရုပ်အလောင်းလည်းပါဝင်ကြောင်း ဆိုထားသည်။
ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့ရုပ် အလောင်း(၇) လောင်း တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
မူဆယ်မြို့သည် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်နေသည့် မြို့တစ်မြို့ဖြစ်ပြီး လောင်းကစား၊မူးယစ်သုံးစွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနှင့် လုယက်မှုများက ယခင်ထက် ပိုမိုများပြားလာပြီး ဒေသခံလူထုများ စိုးရိမ်နေထိုင်ကြရကြောင်း ထုတ်ပြန်ထားသည်။
PPV0011
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#မူဆယ်မြို့
#ပိုင်ရှင်မဲ့ရုပ်အလောင်း
#TNLA
#လောင်းကစား
#မူးယစ်သုံးစွဲမှု
#ဓားပြတိုက်မှု
#ခိုးမှုနှင့်လုယက်မှုများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။