ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၂၊ ၂၀၂၄

ဓနုအမျိုးသား ကာကွယ်ရေးတပ်ဦး/ဓနုအမျိုးသား ကာကွယ်ရေးတပ်တော် (DSNDF/DSNDA) အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဓနုဒေသ တနေရာတွင် အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း ဒီဇင်ဘာလ(၁)ရက်နေ့က ထုတ်ပြန်ထားသည်။

သင်တန်းဆင်းပွဲကို ဓနုဒေသ တနေရာတွင် နိုဝင်ဘာလ (၃၀)ရက်ကပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် တပ်ဖွဲ့ဝင်များ၏ အရည်အချင်းနှင့် ကိုက်ညီသည့် တာဝန်အသီးသီးကို ခွဲခြားပေးအပ်ခဲ့ကြောင်း (DSNDF) ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဦးစီးချုပ်မှ “စစ်ပညာသည် အာဏာရှင်ကို တိုက်ထုတ်ရန်၊ မတရားမှုကို တွန်းလှန်ရန်ဖြစ်ပြီး မိမိတတ်မြောက်ထားသော စစ်ပညာဖြင့် ပြည်သူကို တန်ဖိုးထားကာကွယ်ရန်အပြင် ကျင့်ဝတ်များ စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်၊ နေရာစွဲ လူမျိုးစွဲများ မထားရန်” ဟု ပြောကြားထားသည်ကို တွေ့ရသည်။

ဓနုအမျိုးသား ကာကွယ်ရေးတပ်ဦး/ ဓနုအမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA)သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကြောင့် စစ်အာဏာရှင်ကို တော်လှန်ရန်၊ ဓနုဒေသနှင့် ပြည်သူများ ဖိနှိပ်ချုပ်ချယ်ခံရမှု တို့ကို ကာကွယ်ရန် (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-DSNDA
#စစ်ရေး
#ဓနုအမျိုးသားကာကွယ်ရေးတပ်ဦး
#ဓနုအမျိုးသားကာကွယ်ရေးတပ်တော်
#DSNDF
#DSNDA
#အပတ်စဉ်(၃)
#သင်တန်းဆင်းပွဲ
#ဓနုဒေသတနေရာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed