ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၊ ၂၀၂၄

ရပ်စောက်မြို့နယ် (ချို့ထီဟမ်ႏဖြေင်း)ဆတ်သေနှင့်မြေမဲရွာတွင် SSPP/SSA က ခြံသွားသည့် ဒေသခံရွာသားများကို ဂိတ်ဖွင့်ပြီး နေ့စဉ်စစ်ဆေးမှုပြုလုပ်နေသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေမြေမဲကျေးရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှခြံသွားသည့် ဒေသခံများအား အသွားကော်အပြန်ကော်စစ်ဆေးမှုပြုလုပ်နေသည်။

“လူတစ်ယောက်တည်းပဲကို အသွားလည်းစစ်၊ အပြန်လည်းစစ် လွယ်အိတ်ထဲဘာပါလဲ ထုတ်ပြရတယ် ပလိုင်းတွေထဲဘာပါလဲ သွန်ပေးရတယ်။ ပြီးတော့ဆိုင်ကယ် တူးပေါက်တွေဖွင့်ပေးရတယ် ခနပဲနေမယ်ဆိုပြီး ပြန်လည်းမပြန်နိုင်ဘူး ပြန်စေချင်ပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

SSPP/SSA မှဖွင့်လစ်သည့်ဂိတ်များသည် ဝါးနှင့်တားခြင်းမဟုတ်ဘဲ ကြိုးနှင့်သာတားထားသည့်အတွက် ပြီးခဲ့သည့်တန်ဆောင်တိုင်ကာလ ညအချိန်ပွဲမှပြန်လာသည့် ရွာသားတစ်ဦး တားထားသည့်ကြိုးအား ကားနှင့်ဖြတ်ကျော်မိသည့်အတွက် ရိုက်နက်ခြင်းခံရသေးကြောင်း သိရသည်။

“ညဆိုတော့ သတိမထားမိဘူး ကားဘရိတ်ချော်တာလည်းပါမယ်ထင် ဘယ်လိုပဲတောင်းပန် တောင်းပန်မရဘူး ရိုက်တာပဲ” ဟု၎င်းကဆက်ပြောသည်။

မြေမဲရွာဘေးဂနိုင်တွင် တပ်စခန်းတစ်ခုတည်ဆောက်ထားပြီး ဆက်သေအနောက်ဘက် သင်္ချိုင်းဘေး သစ်တောကြိုးဝိုင်းကွင်းတွင်လည်း တပ်စခန်းတစ်ခုတည်ဆောက်ထားကြောင်း ကျေးရွာဘေးတို့တွင်လည်း ဂိတ်တည်ဆောက်ထားပြီး နေ့စဉ်စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

PPV001
#လူ့အခွင့်အရေး
#ရပ်စောက်
#ဆတ်သေ
#မြေမဲ
#SSPP/SSA
#ရှမ်းပြည်တိုးတက်ရေးပါတီ
#စစ်ဆေးမှုပြုလုပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed