ခမ်းသားငေါဝ်း
နိုဝင်ဘာ ၃၀၊ ၂၀၂၄
ဟိုနမ့်ဒေသ၊ ထီဖက်နမ်ကျေးရွာတွင် ပအိုဝ်းလက်နက် ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားရာမှ PNO ပြည်သူ့ စစ်က ရွာသားကိုဖမ်းဆီးပြီး နေအိမ်များပါမီးရှို့ဖျက်ဆီးမှုပြုလုပ်သွားကြောင်းသိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသ၊ ထီဖက်နမ်ကျေးရွာရှိ နေအိမ် ၃ လုံးကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်က နိုဝင်ဘာလ၂၈ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ထီဖက်နမ်ဒေသခံ ၄ ဦးကိုလည်း အဆိုပါဒေသရှိ PNO ပြည်သူ့စစ်ရုံးတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် သည်။
“PNO ထဲမှာရှိတဲ့ ပအိုဝ်း လူမျိုးခေါင်းဆောင်တွေ စစ်အာဏာရှင် နဲ့ပေါင်းပြီးတော့ ကိုယ့်ဒေသကို ပြန်လည်ဖျက်ဆီး မီးရှို့နေတာ ကိုယ့် ပအိုဝ်းပြည်သူလူထုကိုပြန်လည်ဖမ်းဆီးနေတာ ဖြစ်သင့်ရဲ့လားဆိုတာကို သေချာပြန်စဥ်းစား စေလိုတယ်”ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကိုပြောသည်။
ထိုအဖမ်းခံရသည့်ရွာသားများကို ဒေသခံအာမခံဖြင့် ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ခမ်းသားငေါဝ်း မှ PNA တာဝန်ရှိသူများကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
PNO ပြည်သူ့စစ်က သံဃာတော်စကားမေတ္တာရပ်ခံချက်ကို ပစ်ပယ်ပြီး ဟိုနမ့်ဒေသတွင်တိုက်ပွဲဖော်ဆောင်ကာ ပြည်သူနေအိမ်များကိုလည်းဖျက်ဆီးနေသည်ဟု PNLA ကထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်များက PNLA ရှိရာ ဟိုနမ့်ဒေသဖက်ကို စစ်ကြောင်းထိုးဝင်ရောက် လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့မနက်အချိန်ထိ စစ်ကောင်စီ နှင့် PNO ဖက်မှ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်းသိရသည်။
photo credit
#PPV 003
#Humanright
#PNO/PNA
#PNLO/PNLA
#ဟိုနမ့်ဒေသ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။