ခမ်းသားငေါဝ်း
နိုဝင်ဘာ ၃၀၊ ၂၀၂၄

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် စစ်ကောင်စီတပ်မှ ဒေသခံများ၏ အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီသယ်ယူခွင့်တို့ကို နိုဝင်ဘာ(၂၈)နေ့မှ စ၍ ကန့်သတ်ပိတ်ပင်လိုက်ကြောင်း TNLA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ဒေသအာဏာပိုင်ဖြစ်သည့် ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ၎င်းတို့ထံ မှတ်ပုံတင်ထားသည့် မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဥ်နှင့်ကုန်တင်ယာဥ်များအား နိုင်ငံဖြတ်ကျော်ခွင့်စာအုပ်(Border Pass)ပြုလုပ်ကာ သတ် မှတ်ထားသည့် ကုန်စည်များအား အရေအတွက်ဖြင့်သာ ဝယ်ယူရောင်းချခွင့်ပြုကြောင်း သိရသည်။

ယခင်က မူဆယ်ဒေသအတွင်းသို့ ဒေသခံများက တရုတ်ပြည် ရွှေလီ၊ ဂျယ်ဂေါင်မြို့တို့မှတဆင့် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များအား အနည်းငယ်သာ သယ်ယူတင်သွင်းခွင့်ပြုထားရာမှ လက်ရှိတွင် ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း TNLA ကဆိုသည်။

ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် အသီးအနှံ၊ အသား၊ငါးများအပါအဝင် ကုန်စည်စျေးနှုန်းများ အဆမတန် မြှင့်တက်သွားနိုင်သလို စက်သုံးဆီ လုံလောက်မှုမရှိနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်သောကြောင့် ဒေသခံလူထုများ ယခင်ကထက် ပို၍ကြပ်တည်းသွားမည်ကို စိုးရိမ်ပူပန်နေကြကြောင်း TNLA ကထုတ်ပြန်ထားပါသည်။

#PPV 003
#border
#မူဆယ်
#Humanright
#ရှမ်းမြောက်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed