ခမ်းသားငေါဝ်း
နိုဝင်ဘာလ ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းတွင်တစ်ရက်တည်း ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွားကာ ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အောင်ပန်း နာရေး ကူညီမှု အသင်းထံမှ သိရသည်။
အောင်ပန်း တောင်ကြီးသွားလမ်းရှိ မြောက်ပိုင်း ရှမ်းရှမ်း ဆိုင်ရှေ့ အနီးတွင် နိုဝင်ဘာလ ၂၈ ရက် ညပိုင်း အချိန် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် တိုက်မိ၍ ထိခိုက်ဒဏ်ရာရလူနာ ဆိုင်ကယယာဉ်မောင်း အမျိုးသားကို အောင်ပန်းဆေးရုံ အရေးပေါ် ဌာန ပို့ဆောင်ပေးပြီးထိုမှတဆင့်ကလော ဆေးရုံကို ထပ်ဆင့် လွှဲပြောင်း၍ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ မနေ့က ယာဉ်တိုက်မှု ၂ ခု ဖြစ်တာလူနာ ၂ ယောက် ထိခိုက် ဒဏ်ရာရရှိတယ်။ ဟဲဟိုးနားမှာ ဖြစ်တဲ့ တစ်ယောက်က တော့ ဒဏ်ရာ အတော်လေး ပြင်းတယ်။ သူ့ကိုတော့ ဟဲဟိုးအပိုင်မို့ ဟဲဟိုးဆေးရုံကိုပို့ခဲ့တယ်။ အောင်ပန်းအထွက်မှာ ဖြစ်တဲ့ တစ်ယောက် ကိုတော့ အောင်ပန်း ဆေးရုံ ကနေတဆင့်ကလော ဆေးရုံကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါတယ်။”ဟု အောင်ပန်းနာရေး ကူညီမှု အသင်း တာဝန်ရှိသူ က ပြောသည်။
ထိုနေ့ ညနေပိုင်းမှာပင် အောင်ပန်း ဟဲဟိုးကြား သီခေါင်တောင် ဗျူးပွိုင့် အနီးတွင်တွဲကားနှင့် ရေယားရွာနေ အမျိုးသမီး မောင်းလာသော ဆိုင်ကယ်ချိတ်မိ၍ ပါသွားသော ထိခိုက်ဒဏ်ရာ ရရှိသော လူနာ အမျိုးသမီးကို ဟဲဟိုး ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကလော- တောင်ကြီး သွားလမ်းတွင် ယာဉ်မတော်တဆ မှုများ မကြာခဏ ကြုံတွေ့ နေရသဖြင့် ဂရုစိုက် မောင်းနှင် ကြရန် လိုအပ်ကြောင်း လူမှုကူညီရေး အသင်းများက အကြံပြုထားကြသည်။
#PPV-006
#မှုခင်း
#အောင်ပန်း
#ယာဥ်တိုက်မှု
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။