ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၉၊ ၂၀၂၄
စစ်အာဏာသိမ်းပြီးနောက် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှ (၂၀၂၄)ခုနှစ်အထိ ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း (၁၃၈) ခုကို (KNLA) နှင့် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က ထုတ်ပြန်ချက် အရသိရသည်။
ထိုင်းမြန်မာနယ်စပ်တွင် ကရင်ထိန်းချုပ်မှုနယ်မြေ အများဆုံး ပြန်ရယူနိုင်ခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန်ကြား စစ်အုပ်စု၏ ဗဟိုဆက်သွယ်ရေး လမ်းကြောင်းကို ခြိမ်းခြောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(KNLA) ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ စစ်စခန်း (၁၃၈) ခုထဲတွင် ထက်ဝက်ကျော်ကို (၂၀၂၃) ခုနှစ် နှစ်လယ်မှ (၂ဝ၂၄) ခုနှစ် နှစ်လယ်အထိကာလအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် မဟာမိတ်တပ်ဖွဲ့များသည် လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီ၏ စစ်စခန်း (၇၀)ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
photo credit
#PPV0011
#တိုက်ပွဲများ
#KNLA
#ထိုင်းနယ်စပ်
#စစ်ကောင်စီတပ်စခန်း
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။