ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၉၊ ၂၀၂၄
ရွာငံမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှင့် ရွာခံတစ်ဦး နေအိမ်၌ စကားပြောနေစဥ် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ဘုရားကြီးကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က အုပ်ချုပ်ရေးမှုး ဦးဇော်မျိုးနိုင် နှင့် ရွာသား ဦးဆန်းဦးတို့သည် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်၏ နေအိမ်ဧည့်ခန်း၌ စကားပြောနေစဥ် အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီး အသင့်ပါလာသောသေနတ် ဖြင့် ပစ်သတ်သွားခဲ့သည်။
” သူတို့စကားပြောနေတဲ့အချိန်မှာ လူနှစ်ယောက်ဆိုင်ကယ်နဲ့ဝင်လာပြီး ပစ်သွားတာ၊ နှစ်ယောက်လုံးသေသွားတယ်၊ ဘယ်သူလုပ်သွားမှန်းတော့မသိဘူး ” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ရွာငံတွင် ယခုကဲ့သို့ပစ်သတ်ခံရမှူ ဖြစ်စဥ်များမကြာခန ဖြစ်ပွားနေသောကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်နေရကြောင်းသိရသည်။
”ဒီလိုမျိုးသတ်တာ ခနခနကြုံရတယ်ကော ၊ဒါဆိုဘယ်ဖက်ကဘဲလုပ်လုပ်လူ့အခွင့်အရေးချိုးဖောက်တယ်လို့ပဲမြင်တယ်၊ တကယ်ဆို ဘာဖြစ်ဖြစ် လက်လွတ်စပယ် မသတ်သင့်ဘူး၊ အခုတော့ရွာတွေမှာ ပိုပြီး တင်းကြပ်ထားတော့အနေထိုင်အသွားလာတွေသတိထားရတာပေါ့ ဒီအချိန်မှာ သတိထားပြီး ကင်းကင်းရှင်းရှင်းနေတာအကောင်းဆုံးပါပဲဟု ” ၎င်း ကဆက်ပြောသည်။
အဆိုပါဖြစ်စဥ်အပြီး စစ်ကောင်စီတပ်မှ ရွာတွင်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လုံခြုံရေးအခြေအနေများတင်းကျပ်ထားကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက်ကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သေးသည်။
photo local
#PPV 003
#Humanright
#မှုခင်း
#ရွာငံ
#အုပ်ချုပ်ရေးမှူး အသတ်ခံရ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။