ခမ်းသားငေါဝ်း

နိုဝင်ဘာ ၂၈၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားအပါအ၀င် နိုင်ငံခြားသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် တရား၀င်နေထိုင် အလုပ်လုပ်ခွင့်လက်မှတ်ပန်းရောင်ကတ်ကို ဒီဇင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရန် ထိုင်းအလုပ်သမား၀န်ကြီးဌာနက နို၀င်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရန် စတင်သော ရက်ကို ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အလုပ်အကိုင်ဌာနက ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် ဝင်ရောက်နေထိုင်သူများ၊ အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်း ကုန်ဆုံးနေသူများ၊ တရား၀င်ရောက်ရှိနေလည်း အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လုပ်ကိုင်နေသူများနှင့် သက်တမ်းကုန်ဆုံးနေသူများကို သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းများအတွက် အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် အထောက်အထားပြုလုပ်သည့် ကုန်ကျစရိတ်သည် ထိုင်းဘတ်ငွေ (၆၀၀၀)ကျော်သာ ရှိမည် ဖြစ်ကြောင်း သိရသည်။

PPV0011
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ထိုင်းနိုင်ငံ
#မြန်မာနိုင်ငံသား
#နိုင်ငံခြားသား
#တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ
#ပန်းရောင်ကတ်
#ထိုင်းအလုပ်သမား၀န်ကြီးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed