ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၇၊ ၂၀၂၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် ခရီးသွားလာမှု၊ တရားမဝင် ယာဉ်လိုင်းပြေးဆွဲ ကုန်ကူးမှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရန် ယာဉ်လိုင်းများအား တစ်စုတစ်စည်းတည်း ဖြစ်အောင် စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း အထူးဒေသ(၄)သတင်း ပြန်ကြားရေးဌာနမှ နိုဝင်ဘာ (၂၇)ရက် ယနေ့ ထုတ်ပြန်လိုက်သည်။
အထူးဒေသ(၄) စုပေါင်းအဝေးပြေး ကားဂိတ်သည် မိုင်းလား သုညမိုင် ကုန်စည်ကွင်းတွင် ရှိပြီး နောက်ပိုင်းတွင် ဆီလူး၊ ကျိုင်းခမ်းနှင့် နမ့်ပန်းတို့မှာလည်း ဂိတ်ခွဲများဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
မိုင်းလားမြို့ ခရီးသည်တင် ယာဉ်လိုင်းများ အားလုံး မိမိတို့၏ မော်တော်ယာဉ်များကို (၂၀၂၄)ခုနှစ် ဒီဇင်ဘာ(၁)နေ့မှ စပြီး စုပေါင်းအဝေးပြေး ကားဂိတ်အတွင်းမှာ တစ်စုတစ်စည်းတည်း ရပ်နားထားရှိရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုပြေးဆွဲနေကြသည့် ယာဉ်လိုင်းအစုအဖွဲ့၊ ယာဉ်မောင်းများနှင့် မော်တော်ယာဉ်များ အနေဖြင့် (၂၀၂၄)ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မတိုင်မီ စုပေါင်း အဝေးပြေးကားဂိတ်သို့ လာရောက်၍ အမည်စာရင်းပေးသွင်းခြင်း၊ ယာဉ်ပြေးဆွဲရေး ခွင့်ပြုချက် လက်မှတ်၊ မော်တော်ယာဉ် စစ်ဆေးအတည်ပြုချက်တို့ကို လာရောက် ဆောင်ရွက်ရန် ဖော်ပြထားသည်။
(၂၀၂၄)ခုနှစ် ဒီဇင်ဘာ(၁၀)ရက်နေ့ကစပြီး စီးပွားရေးဌာန၊ အခွန်ဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အဝေးပြေးကားဂိတ်၊ ဒေသတခွင်ရှိ အဓိကလမ်းမကြီးများ၊ စစ်ဆေးရေးဂိတ်များမှာ ပူးပေါင်း စစ်ဆေးခြင်းများ ဆောင်ရွက်မည် ဖြစ်ပြီး ယာဉ်ပြေးဆွဲရေး ခွင့်ပြုချက် လက်မှတ်ဖြင့် တရားဝင် ပြေးဆွဲခြင်းမဟုတ်သည့် ယာဉ်များ၊ စည်းမဲ့ကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များနှင့် သတ်မှတ်လမ်းအတိုင်း မောင်းနှင်ခြင်းမပြုသည့် ယာဉ်များကို အရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
PPv0011
ဓာတ်ပုံ-အွန်လိုင်း
#စီးပွားရေး
#မိုင်းလားမြို့
#ခရီးသွားလာမှု
#တရားမဝင်ယာဉ်လိုင်းပြေးဆွဲ
#ကုန်ကူးမှု
#ထိရောက်စွာတိုက်ဖျက်နိုင်ရန်
#ယာဉ်လိုင်းများ
#အထူးဒေသ၄သတင်း ပြန်ကြားရေးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။