ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၇၊ ၂၀၂၄
အင်းလေးဒေသ၊ လုံကန်အုပ်စု လုံကန်စျေးလှေဆိပ်တွင် PNO ပြည်သူ့စစ်က ပြည်သူပိုင်ပစ္စည်းများအားမတရား သိမ်းဆည်းယူဆောင်သွားကြောင်း ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသ၊ လုံကန်အုပ်စု လုံကန်စျေးလှေဆိပ်၌ နိုင်ဝင်ဘာလ ၂၄ ရက်နေ့တွင် PNA ပြည်သူ့စစ်အဖွဲ့က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ပြည်သူပိုင်ပစ္စည်းများအား မတရားသိမ်းဆည်းယူဆောင်သွားသည်။
” သူတို့ကနောင်တရားဖက်ကဆင်းလာတယ်လို့ပြောတယ်၊ အဲ့မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဖွင့်ဖောက်ပြီး သူတို့ကားပေါ်အကုန်တင်ပစ်တယ်၊ သူတို့ကသေနတ်တွေနဲ့ ဆိုတော့ ဘာမှပြောလို့မရဘူး၊ တောင်းပန်တာကိုလည်းလက်မခံဘူး၊ ယူချင်တာအကုန်ယူသွားတယ်၊ လက်နက်အားကိုးပြီး ပြည်သူတွေကို အနိုင်ကျင့်နေတာ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
PNA ပြည်သူ့စစ်သည် စစ်ကောင်စီထောက်ပံ့ပေးသည့်လက်နက်များကို အားကိုးပြီး ပြည်သူများကို အနိုင်ကျင့် မှုများပြုလုပ်နေကြောင်း သိရသည်။
နောက်ဒေသခံတစ်ဦးကလည်း ” PNO ပြည်သူ့စစ်ဟာ တိုင်းရင်းသားညီကိုမောင်နှတွေကိုမျက်နှာမမူ စကစတွေထောက်ပံ့အားပေးမှုနဲ့ရလာတဲ့ လက်နက်တွေကိုအားကိုးပြီး ညီနောင်တိုင်းရင်းသားတွေကိုရော ပအိုဝ်းအမျိုးသားအချင်းချင်းကိုရော အနိုင်ကျင့်နေတာပါ၊ အဆိုးဆုံးက သူတို့ဒေသမဟုတ်တဲ့ အင်းလေးဒေသမှာ အခုလိုလုပ်ရပ်က ဘယ်လိုမှခွင့်လွှတ်စရာအကြောင်းမရှိဘူး” ဟုဆိုသည်။
ပင်လောင်း-ဖယ်ခုံ နယ်စပ် တိုက်ပွဲဖြစ်ပွားခဲ့သည့် လွယ်ကျိုင်း၊နမ့်ဖာမူ၊ကသဲ၊ မိုင်းဖြတ်ကျေးရွာများတွင်လည်း စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များက ပြည်သူ ပစ္စည်းများကို ခိုးယူဖျက်ဆီးမှုများပြုလုပ်မှုရှိနေကြောင်းသိရသည်၊၊
PPV 003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အင်းလေးဒေသ
#လုံကန်အုပ်စု
#လုံကန်စျေးလှေဆိပ်တွင်
#PNOပြည်သူ့စစ်
#ပြည်သူပိုင်ပစ္စည်းများ
#သိမ်းဆည်းယူဆောင်သွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။